GM starts delivering electric Hummer pickup trucks to customers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.12.2021 | GM မှ Electric Hummer Pickup Truck များကို စတင်ရောင်းချနေ 

GM မှ ယခုအခါ customer များဝယ်ယူအသုံးပြုနိုင်ရန်အတွက် ၎င်းတို့ရဲ့ Hummer EV Edition 1 pickup truck များကို စတင်ထုတ်လုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ ကုမ္ပဏီရဲ့ website ပေါ်တွင် ကြေငြာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါ Hummer EV Edition 1 model ကို Ultium ဘက်ထရီဖြင့်ထုတ်လုပ်ထားတာဖြစ်ပြီး 1,000 horsepower, 11,500 lb-ft of torque နှင့် ခန့်မှန်းမောင်းနှင်နိုင်မည့်အကွာအဝေး မိုင်ပေါင်း ၃၂၉ မိုင်ရှိပြီး ဈေးနှုန်းအားဖြင့်တော့ ကန်ဒေါ်လာ ၁၁၀,၂၉၅ ကျသင့်မှာဖြစ်ကာ ၀ ကီလိုမီတာမှ ၆၀ ကီလိုမီတာမြန်နှုန်းသို့ ၃ စက္ကန့်အတွင်းရောက်ရှိနိုင်တဲ့အပြင် Super Cruise လို့အမည်ပေးထားတဲ့ အလိုအလျောက်မောင်းနှင်စနစ်နဲ့အတူ compatible ဖြစ်တဲ့လမ်းများပေါ်တွင်မောင်းနှင်သည့်အခါ အလိုအလျှောက်လမ်းကြောင်းပြောင်းလဲခြင်းကိုပါ ပြုလုပ်ပေးနိုင်စွမ်းရှိတယ်လို့ သိရှိရပါတယ်။ 

Hummer EV Edition 1 တွင် သီးခြားပါဝင်လာမည့် အခြားသောလုပ်ဆောင်ချက်များကတော့ “CrabWalk” လို့ အမည်ပေးထားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နောက်ဘီးနှင့် ရှေ့ဘီးများကို ဦးတည်ရာတစ်ခုတည်းသို့ဦးတည်၍ နှေးကွေးသောမြန်နှုန်းတစ်ခုဖြင့် ဘေးတိုက်ရွေ့လျားနိုင်ခြင်းဖြစ်ပြီး နောက်ထပ်လုပ်ဆောင်ချက်တစ်ခုကတောာ့ Truck ရဲ့ အမြင့်ကို ၆ လက်မခန့် ထပ်မံမြှင့်တင်ပေးနိုင်ပြီး လမ်းကြမ်းမောင်းနှင်ရာတွင် ကြီးမားတဲ့ ကျောက်တုံးများနဲ့ ရေပြင်များကို ကျော်ဖြတ်နိုင်ဖို့ စီမံထားတာဖြစ်တယ်လို့ သိရှိရပြီး - ဒီလုပ်ဆောင်ချက်ဟာတော့ ၂၀၂၂ ခုနှစ် Edition 1 model များတွင် ပါဝင်လာဦးမှာမဟုတ်သော်လည်း software update ကို ပြုလုပ်ပြီးနောက်တွင် ၂၀၂၃ ခုနှစ်နှင့် နောက်ပိုင်းတွင် ထုတ်လုပ်သွားရန်ရှိသည့် Edition 1 model များနည်းတူ အဆိုပါလုပ်ဆောင်ချက်ကို ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။