GM announced an electrified version of Chevy Corvette next year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.5.2022 | General Motors မှ Chevy Corvette ရဲ့ electric version ကို လာမည့်နှစ်တွင် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေငြာ

General Motors မှ Chevy Corvette ရဲ့ electric version ကို လာမည့်နှစ်တွင် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေငြာချက်တစ်ခုကို ကုမ္ပဏီရဲ့ president ဖြစ်သူ Mark Reuss က CNBC မှတဆင့် ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

Reuss က အဆိုပါ Corvette လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချသွားမည့် ရက်စွဲအတိအကျကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း “ထိုအရာက မြန်ဆန်စွာ ရောက်ရှိလာမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ GM ဟာ ဓါတ်ဆီဖြင့်မောင်းနှင်ရတဲ့ version များကိုသာ ဆက်လက်ရောင်းချသွားဖို့ အစီအစဉ်ရှိနေပါတယ်။ 

Reuss ရဲ့ ပြောကြားချက်အရတော့ Corvette ရဲ့ လျှပ်စစ်ကား version ဟာ လာမည့်နှစ်တွင်ထွက်ရှိလာမှာဖြစ်ပြီး - rechargeable battery ပါဝင်တဲ့ plug-in hybrid ၂ မျိုးသုံး ကားအနေနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရှိရပါတယ်။ GM ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ လာမည့်နှစ်တွင် ထွက်ရှိလာမည့် Corvette ကားအသစ်ဟာ “လျှပ်စစ်စွမ်းအင်ဖြင့်သာမောင်းနှင်နိုင်သောကားအဖြစ်” ထွက်ရှိလာမှာမဟုတ်တာကိုတော့ အတည်ပြုပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။