Georgia offered Rivian $1.5 billion tax incentives for the company to build a factory in the state

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.5.2022 | ဂျော်ဂျီယာပြည်နယ်မှ Rivian ကို ပြည်နယ်အတွင်း စက်ရုံတစ်ခုတည်ဆောက်ရန်အတွက် ကန်ဒေါ်လာ ၁.၅ ဘီလျံအခွန်ကင်းလွတ်ခွင့်ဖြင့် ကမ်းလှမ်းခဲ့ 

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှ ၎င်းတို့ရဲ့ စက်ရုံတစ်ခုကို Atlanta မြို့ အရှေ့ပိုင်းတွင် တည်ဆောက်ရန်အတွက် Rivian ကို ကန်ဒေါ်လာ ၁.၅ ဘီလျံ အခွန်လွတ်ကင်းခွင့် ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

အဆိုပါစက်ရုံကို တည်ဆောက်ရန်အတွက် ကန်ဒေါ်လာ ၅ ဘီလျံခန့်ကုန်ကျမှာဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၄၀၀,၀၀၀ ကို ထုတ်လုပ်သွားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီကဲ့သို့ အခွန်လွတ်ကင်းခွင့်ကို ရရှိနိုင်ရန်အတွက် Rivian မှလည်း  ၂၀၂၈ ခုနှစ်မတိုင်မှီတွင် အကျိုးခံစားခွင့်များအပါအဝင် တစ်နှစ်လျှင် ပျမ်းမျှ ကန်ဒေါ်လာ ၅၆,၀၀၀ ရရှိနိုင်မယ့် အလုပ်အကိုင်ပေါင်း ၇၅,၀၀၀ ခန့်ကို ဖန်တီးပေးဖို့အတွက် သဘောတူညီချက်ပြုလုပ်ခဲ့ရပါတယ်။ 

ဂျော်ဂျီယာပြည်နယ် အာဏာပိုင်များကတော့ အဆိုပါသဘောတူညီချက်ဟာ ဂျော်ဂျီယာပြည်နယ်ရဲ့ သမိုင်းကြောင်းတလျှောက်တွင် အကြီးမားဆုံးသော စီးပွားရေးတိုးတက်ရေးစီမံချက်တစ်ခုအဖြစ် ဖော်ညွှန်းပြောကြားခဲ့ပြီး Rivian ကလည်း အဆိုပါ စက်ရုံကို ၂၀၂၂ ခုနှစ် နွေဦးရာသီတွင် စတင်တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အဆိုပါစက်ရုံမှ ကားများကို စတင်ထုတ်လုပ်နိုင်ဖို့အတွက် မျှော်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။