General Motors is using AI to speed up the vehicle inspection process

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.7.2022 | AI ကို အသုံးပြု၍ ယာဉ်စစ်ဆေးရေးလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာစေရန် ဆောင်ရွက်လိုက်တဲ့ General Motors 

General Motors က ၎င်းတို့ရဲ့ ယာဉ်ထုတ်လုပ်ရေးအပိုင်းတွင် ကားများကိုစစ်ဆေးမှုပြုလုပ်ရသည့်လုပ်ငန်းစဉ်အား ပိုမိုမြန်ဆန်မှုရှိလာစေရန်အတွက် AI ကို စတင်အသုံးပြုဖို့ ဆောင်ရွက်လျှက်ရှိနေပါတယ်။ 

၎င်းတို့ရဲ့ကြေငြာချက်အရ အာရုံခံကိရိယာများနဲ့ AI ကို အသုံးပြု၍ ထိခိုက်မှုရှိသောအစိတ်အပိုင်းများ (သို့မဟုတ်) ပြုပြင်မှုပြုလုပ်ရန် လိုအပ်သည့်နေရာများကိုလျှင်မြန်စွာဖော်ထုတ်နိုင်မည့် ယာဉ်စစ်ဆေးရေးစနစ် ကိုပြုလုပ်နေသော Israel နိုင်ငံအခြေစိုက် ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ UVeye တွင်ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပါတယ်။ 

ဒီကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကိုတော့ GM ရဲ့ လုပ်ငန်းခွဲများမှတဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ GM က UVeye ရဲ့ နည်းပညာကို ၎င်းတို့ရဲ့ ကားထုတ်လုပ်ရောင်းချရေးနယ်ပယ်ရှိ အခြားကုမ္ပဏီများရဲ့ ယာဉ်စစ်ဆေးရေးစနစ်များကို အဆင့်မြှင့်တင်နိုင်ရန် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ GM ဟာ UVeye နဲ့ လက်တွဲ၍ ကားလေလံတင်ပွဲများ၊ fleet operation များနဲ့ automotive dealership sales များ အစရှိတဲ့နယ်ပယ်များတွင်လည်း အဆိုပါ vehicle inspection technology နဲ့ ပတ်သက်၍ အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။