General Motors Halts Some of its Factories Due to Global Chip Shortage

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.9.2021 | ကမ္ဘာလုံးဆိုင်ရာ Chip ပြား ရှားပါးမှုပြဿနာကြောင့် General Motors မှ သူတို့ရဲ့ စက်ရုံအချို့ကို ယာယီရပ်ဆိုင်းမှုပြုလုပ်ခဲ့ 

Chervrolet, GMC, Cadillac နဲ့ Buick တို့ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်တဲ့ General Motors မှ သူတို့ဟာ မြောက်အမေရိကတိုက်ရှိ စက်ရုံ ၆ ခုအား ကမ္ဘာ့ Chip ပြားရှားပါးမှုပြဿနာကြောာင့် ယာယီရပ်ဆိုင်းမှုပြုလုပ်ခဲ့ရကြောင်း ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ 

GM ရဲ့ အမေရိကန်နိုင်ငံအခြေစိုက် စက်ရုံ ၄ ခုဖြစ်တဲ့ Fort Wayne, Indiana၊ Wentzville, Missouri၊ Spring Hill, Tenessee၊ နဲ့ Lansing, Michigan ရှိ စက်ရုံများကို ယာယီလည်ပတ်မှုရပ်ဆိုင်းသွားမှာဖြစ်ပြီး နောက်ထပ် Mexico နဲ့ ကနေဒါနိုင်ငံများရှိ စက်ရုံ ၄ ခုကိုလည်း GM အနေနဲ့ ကားများထုတ်လုပ်ရန် လိုအပ်တဲ့ Chip ပြား supply ကို ရှာဖွေနေစဉ်အတွင်း ရက်သတ္တပတ်အချို့အကြာအထိ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ 

“အဆိုပါ ထုတ်လုပ်မှုရပ်ဆိုင်းထားချိန်တွင် ကျွန်ုပ်တို့အနေနဲ့ တဆင့်ပြန်လည်ရောင်းချသူများမှတဆင့် ကျွန်ုပ်တို့ရဲ့ထုတ်ကုန်များကိုမှာယူထားတဲ့ အသုံးပြုသူများအတွက် များစွာသောစက်ရုံများရှိ အပြီးသတ်တည်ဆောက်မှု မပြုလုပ်ရသေးတဲ့ ယာဉ်များကို ပြင်ဆင်ခြင်းနဲ့ တင်ပို့ခြင်းတို့ကိုပြုလုပ်သွားမှာဖြစ်ပါတယ်” ဟူ၍ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ e-mail တစ်စောင်အတွင်းပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။