Garmin confirms their services were down due to Ransomware attack

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.8.2020 | သူတို့ရဲ့ ဝန်ဆောင်မှုများဟာ Ransomware တိုက်ခိုက်မှုကြောင့် ရပ်တန့်သွားခဲ့တယ်ဟူ၍ Garmin မှ အတည်ပြုပြောကြားခဲ့

GPS ကိရိယာများနှင့် ဝန်ဆောင်မှုကုမ္ပဏီြဖစ်သော Garmin ဟာ ransomware တိုက်ခိုက်မှုတစ်ရပ်ကို ခံခဲ့ ရသည့်အတွက် သူတို့၏ဝန်ဆောင်မှုများ ၅ရက်ခန့် ရပ်တန့်သွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

Monday morning post တွင် အဆိုပါကုမ္ပဏီမှ “Garmin Ltd. ဟာ cyber-attack တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့ရပြီး ထိုအရာက ကျွန်ုပ်တို့ရဲ့ စနစ်အချို့ကို July 23, 2020 တွင် encrypt ပြုလုပ်သွားခဲ့ပါတယ်။” “ရ လာဒ်အနေနဲ့ များစွာသော ကျွန်ုပ်တို့ရဲ့ အွန်လိုင်းဝန်ဆောင်မှုများတွင် အနှောင့်အယှက်ဖြစ်စေခဲ့ပြီး website function များ၊ စားသုံးသူဝန်ဆောင်မှုများ၊ customer facing application များနှင့် ကုမ္ပဏီအတွင်းဆက် သွယ်မှုများတွင် ပြဿနာများဖြစ်ပွားခဲ့ပါတယ်။ သိသိချင်းတွင် အဆိုပါတိုက်ခိုက်မှု၏ ပုံစံများကို စတင်ကာ လေ့လာခဲ့ကြပြီး ထိုအရာကိုဖြေရှင်းနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ သို့သော်လည်း အသုံးပြုသူများရဲ့ အချက်အလက်များဟာတော့ ထိခိုက်မှုမရှိကြောင်းကိုယုံကြည်ကြောင်း ကိုလည်း အဆိုပါကုမ္ပဏီမှ ပြောဆိုခဲ့ပါတယ်။ 

အဆိုပါတိုက်ခိုက်မှုဟာ အသုံးပြုသူများက များစွာသောဝန်ဆောင်မှုများကိုအသုံးပြုနိုင်ခြင်းမရှိကြတဲ့ အတွက် သတင်းပေးမှုများပြုလုပ်စဉ် ပြီးခဲ့တဲ့အပတ်က သိရှိခဲ့တာဖြစ်ပါတယ်။ ၎င်းကြောင့် စားသုံးသူ တစ်သန်းခန့်ဟာ သူတို့ရဲ့ စမတ်နာရီများ၊ fitness tracker များနှင့် အခြားသောစက်ကိရိယာများကို ထိုအရာ များအလုပ်လုပ်နိုင်ရန်အတွက် တည်နေရာအခြေပြု ဒေတာအချက်အလက်များကိုပေးပို့နိုင်သည့် server များနှင့် ချိတ်ဆက်မှုပြုနိုင်ခြင်းမရှိဖြစ်သွားခဲ့ပါတယ်။ လက်ရှိအချိန်တွင်တော့ ၎င်းတို့ဟာ တည်နေရာအခြေ ပြုဝန်ဆောင်မှုများကိုပြီးခဲ့သည့်အပတ်မှစတင်ကာပြန်လည်ပြင်ဆင်နေခဲ့တာဖြစ်ပြီးယခုအခါကန့်သတ်ထား သည့်လုပ်ဆောင်ချက်အချို့ကို ပြန်လည်အသုံးပြုနိုင်လာပြီဖြစ်ပါတယ်။ 
 

(Unicode) 




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။