GameStop is laying off staff and has fired its CFO

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.7.2022 | GameStop မှ ဝန်ထမ်းများကိုထုတ်ပယ်လျှက်ရှိနေပြီး ၎င်းတို့ရဲ့ CFO ကိုလည်း အလုပ်မှထုတ်ပယ်ခဲ့

မကြာသေးမှီကပဲ GameStop ဟာ ၎င်းတို့ရဲ့ဝန်ထမ်းများကို အကြောင်းပြချက်တစ်စုံတစ်ရာပြောကြားခြင်းမရှိပဲ ဝန်ထမ်းများကိုထုတ်ပယ်နေလျှက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဇူလိုင်လ ၇ ရက်နေ့တွင် GameStop က ဝန်ထမ်းအချို့ကို ထုတ်ပယ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီတွင်းကြေငြာစာတစ်ခုထုတ်ပြန်ခဲ့ပြီး ထိုအထဲက အချို့မှာ နာမည်ကြီး Game Informer မဂ္ဂဇင်းရှိဝန်ထမ်းအချို့ပါဝင်နေကြောင်း သိရှိရပြီး ၎င်းတို့ရဲ့ CFO ကိုလည်း ရာထူးမှထုတ်ပယ်ကြောင်းကို ချက်ခြင်းသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကြေငြာခဲ့ပါတယ်။ 

GameStop ရဲ့ CEO Matt Furlong က ဒီဝန်ထမ်းများထုတ်ပယ်ခြင်းကို CNBC နဲ့ Kotaku သတင်းဌာနများမှ ရရှိခဲ့တဲ့ စာတစ်စောင်အတွင်း ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘယ်ဌာနများရှိ ဘယ်သူတွေကို အလုပ်မှထုတ်ပယ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးပါဘူး။ 

အဆိုပါစာအတွင်း Furlong ရဲ့ ရေးသားထားချက်အရ "ကျွန်ုပ်တို့ဟာ လူမှန်၊ နေရာမှန်ဖြင့် လျှင်မြန်ချောမွေ့စွာ ဝန်ဆောင်မှုပြုုလုပ်နိုင်ရန်နဲ့ အရာတိုင်းကို ရိုးရှင်းစွာဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေရန် လိုအပ်တဲ့ လျှော့ချမှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်" ဟူ၍ သိရှိရပြီး ဒီဝန်ထမ်းလျှော့ချမှုများကို ကုမ္ပဏီရဲ့ Grapevine မြို့၊ Texas ရုံးချုပ်တွင် အဓိကပြုလုပ်သွာားမှာဖြစ်တယ်လို့ Kotaku မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။