GameStop CFO Jim Bell resigns

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.3.2021 | GameStop ရဲ့ CFO ဖြစ်သူ Jim Bell ရာထူးမှနှုတ်ထွက်

IGN မှ သတင်းတစ်ရပ်အရ Video Game လက်လီရောင်းချခြင်းဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ GameStop ရဲ့ CFO Jim Bell ဟာ ကုမ္ပဏီမှထွက်စာတင်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှစတင်၍ အတည်ဖြစ်သွားမှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ယခုအခါမှာတော့ Bell ရဲ့ နေရာကို အစားထိုးနိုင်မည့်သူတစ်ဦးကို ရှာဖွေနေဆဲပဲဖြစ်ပါတယ်။ 

Mr. Bell ဟာ GameStop ရဲ့ ခေါင်းဆောင်ပိုင်းနေရာများသို့ CFO အဖြစ်နဲ့ ၂၀၁၉ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါရာထူးနေရာကို GameStop နဲ့ ၂၃ နှစ်ကျော်ခန့် လက်တွဲခဲ့သော Rob Lloyd ဆိုသူထံမှ လက်လွှဲရယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။ SEC ရဲ့ အချက်အလက်များအရ Bell ဟာ အခြေခံလစာအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ စတင်ခေါ်ယူဌားရမ်းမှုပြုလုပ်စဉ်က ကနဦး bonus အဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ နှင့် နှစ်စဉ် bonus အဖြစ် သူ့ရဲ့လစာငွေနဲ့ညီမျှတဲ့ ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ တို့ကို ရရှိခဲ့ပါတယ်။ 

ယခုအခါမှာလည်း သူဟာ အလုပ်ဌားရမ်းစဉ်ကချုပ်ဆိုခဲ့တဲ့စာချုပ်ပါအတိုင်း “ကောင်းမွန်တဲ့ အကြောင်းပြချက်” တစ်ခုကြောင့် Resign ပြုလုပ်ခဲ့ရတာဖြစ်တဲ့အတွက် သူ့အနေနဲ့ ခွဲခွာမှုအထိမ်းအမှတ် bonus အဖြစ် သူ့ရဲ့ base salary နဲ့ target annual bonus တို့ စုစုပေါင်းရဲ့  ၂ ဆဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂.၈ သန်းကိုလည်း ထပ်မံရရှိဦးမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။