Gabe Newell Hinted PC-only Steam Games Coming to Consoles 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.5.2021 | PC တွင်သာ ဆော့ကစားနိုင်ခဲ့သော Steam ဂိမ်းများ console များပေါ်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း Gabe Newell မှ သဲလွန်စပေးခဲ့ 

Steam ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Valve ရဲ့ president ဖြစ်သူ Gabe Newell မှ ယခင်က PC တွင်သာ ဆော့ကစားနိုင်ခဲ့သော Steam ဂိမ်းများဟာ console များထံသို့ ရောက်ရှိလာတော့မလားဆိုတဲ့ အသေးစိတ်ကို ကျွန်ုပ်တို့အနေနဲ့ ယခုနှစ်ကုန်ပိုင်းလောက်တွင် သိရှိနိုင်မှာဖြစ်တယ်ဟူ၍ သဲလွန်စပေးကာ ပြောကြားသွားခဲ့ပါတယ်။  

Auckland, New Zealand ရှိ Sancta Maria College တွင် Newwell အား ကျောင်းသားတစ်ဦးမှ Steam အနေနဲ့ သူတို့ရဲ့ game များကို console များထံသို့ တင်ပို့မှုများပြုလုပ်သွားရန် ရှိ/မရှိ ကိုမေးမြန်းခဲ့ရာတွင် Legend ကြီး Gaben မှ “ဒါကို ဒီနှစ်ကုန်လောက်ကျရင် မင်းသိရပါလိမ့်မယ်။” ဟူ၍ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ 

ဒီစကားရဲ့ တစ်ကယ့်အဓိပ္ပါယ်ကိုတော့ ယခုအချိန်မှာ မှန်းဆကြည့်ရုံမျှသာတတ်နိုင်ဦးမှာဖြစ်ပေမယ့် အချို့ကတော့ Gaben ရဲ့ မှတ်ချက်ဟာ ကျွန်ုပ်တို့အနေနဲ့ Steam ကို console များပေါ်တွင် storefront platform တစ်ခုအနေဖြင့် တွေ့ရှိနိုင်တော့မည်ကို ဆိုလိုသည်လား (ဒါမှမဟုတ်) တစ်ချို့ကတော့ ယခုအချိန်တွင် Steam မှာသာ ရရှိနိုင်သေးတဲ့ Valve ရဲ့ မူပိုင် game များကို အခြားသော console များပေါ်တွင် တွေ့ရှိနိုင်တော့မည်ကို ဆိုလိုသည်လား ဆိုတာကိုတော့ဖြင့် စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။