Future smartphones will be a lot harder to scratch

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.8.2020 | အနာဂါတ်ရဲ့စမတ်ဖုန်းများဟာ ပိုမိုပြီးအစင်းရာထင်ဖို့ခက်ခဲလာမှာဖြစ်ပါတယ်။

Corning ဟာ Gorilla Glass မျိုးဆက်အသစ်တစ်ခုထုတ်လုပ်နိုင်ဖို့အတွက် အချိန် ၂ နှစ်ခန့်ကြာပါတယ်။ ထိုဖန် သားပြင်ဟာ များစွာသောစမတ်ဖုန်းတိုင်းရဲ့ screen အဖြစ်အသုံးပြုလျှက်ရှိနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီဖန်သားပြင်ဟာ screen များကို ပြုတ်ကျခြင်း၊ ကွဲကြေခြင်း၊ အက်ကွဲခြင်းတို့မဖြစ်စေရန်အတွက် ဖိအားဒဏ်ခံနိုင်ရည်ရှိခြင်းကိုတိုးမြှင့်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Gorilla Glass Victus ဟာ သူတို့ရဲ့ယခင်မျိုးဆက်များနှင့် နှိုင်းစာလျှင် ပိုမိုပြီးခံနိုင်ရည်ရှိလာမှာဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ ၂၀၁၈ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ Gorilla Glass 6 ထက်စာလျှင် ၂ဆခန့် ခြစ်မိခြင်း/ အစင်းရာထင်ခြင်းကို ခံနိုင်ရည်ရှိလာမှာဖြစ်ပြီး ယခင်ဗားရှင်းရဲ့ 1.6 မီတာအမြင့်မှလွတ်ကျခြင်းကိုခံနိုင်ရည်ရှိတဲ့ခံနိုင်ရည်အားထက် ယခုအခါ ၂ မီတာအမြင့်မှ လွတ်ကျခြင်းကိုခံနိုင်ရည်ရှိလာမှာဖြစ်တဲ့အတွက် Drop test တွင်လည်းပိုမိုပြီးကောင်းမွန်စွာစွမ်းဆောင်လာနိုင်တာကို သိရှိခဲ့ရပါတယ်။ 

Corning Gorilla Glass လုပ်ငန်းရဲ့ ဦးဆောင်သူဖြစ်တဲ့ John Bayne ကပြောဆိုသွားခဲ့တာကတော့ “လူများဟာ ဖုန်းများကိုပိုမို၍ကြာမြင့်စွာလဲလှယ်ခြင်းမပြုပဲအသုံးပြုနေကြတယ်လို့ ကျွန်ုပ်တို့အနေနဲ့ထင်မြင်ပါတယ်။” “လွတ်ကျ တဲ့အချိန်မှာကွဲမသွားတဲ့ဖုန်းများဟာ အနည်းဆုံး အစင်းရာတော့ဖြစ်သွားတတ်ပါတယ်” ဟူ၍ဖြစ်ပါတယ်။ ဒီပြောကြား မှုဟာ တစ်ကယ်လည်းမှန်ကန်ခဲ့ပါတယ်။ Apple ရဲ့လေ့လာမှုများအရ ပြီးခဲ့တဲ့နှစ်မှစတင်ပြီး iPhone အသုံးပြု သူများဟာ ဖုန်းအသစ်လဲလှယ်ဖို့အတွက် ပိုမို၍အချိန်ယူလာကြပါတယ်။ အကယ်၍သင်ဟာဖုန်းတစ်လုံးကို ပိုမို၍ ကြာကြာကိုင်လာတဲ့အခါမှာ သက်တမ်းတစ်လျှောက်တွင် အစင်းရာများဖြစ်လာမှာလည်း မလွဲမသွေပါပဲ။ 

“ဖိအားဒါဏ်ခံနိုင်ဖို့ကိုရည်ရွယ်ပြီးဖန်သားပြင်ထုတ်လုပ်ရာတွင် လူအများအသုံးပြုနေတဲ့ဓာတုပစ္စည်းများဟာ အစင်းရာမထင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေမဟုတ်ပါဘူး” ဟူ၍ Corning တွင် ၁၈နှစ်ခန့်အလုပ်လုပ် ခဲ့သော ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်များတွင် Penn State တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့ သူတစ်ဦးဖြစ်တဲ့ John Mauro က ပြောဆိုခဲ့ပါတယ်။ အစင်းရာထင်ခြင်းနှင့် လွတ်ကျခြင်း နှစ်ရပ်စလုံးကို ခံနိုင်ရည်ရှိတဲ့ဖန်သားပြင်တစ်ခုကိုထုတ်လုပ်ရခြင်းဟာ လွန်စွာခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကွေး နိုင်ဆန့်နိုင်တဲ့ဖုန်းများကိုဖန်တီးပြုလုပ်ရာတွင် ဖန်သားပြင်ဟာခိုင်မာပြီးမာကျောလေလေ၊ ထိုအရာဟာ ကွေးနိုင်ညွှတ်နိုင်စွမ်း မရှိလေလေပဲဖြစ်ပါတယ်။ 

Corning အဖို့မှာတော့ ဒါဟာ Victus ကို သူတို့ဟာ အစမှပြန်လည်၍ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ဖော်ညွှန်းနေပါတယ်။ ယခုအခါတွင် Victus ကိုဈေးကွက်တွင်ရရှိနိုင်ဦးမှာမဟုတ်သော်လည်း။ ဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးပြီးဆုံ‌သွေားသည့်အခါတွင်ဈေးကွက်အတွင်းတွေ့မြင်လာရနိုင်ပါတယ်။ သင့်အနေနဲ့နောက်ထပ်ပိုမို ကောင်းမွန်တဲ့ဖုန်းတစ်လုံးကိုလဲလှယ်ဖို့ပြုလုပ်တဲ့အခါမှာ ထိုဖုန်းများတွင် Gorilla Glass Victus ပါဝင်လာနိုင်ပြီး သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အစင်းရာထင်ခြင်းတွေကိုလုံးဝလျစ်လျှူရှုနိုင်ဖို့အတွက် မျှော်လင့်ချက်များရှိလာပြီပဲဖြစ်ပါတယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။