Four Major Browsers were hit by a widespread malware campaign

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.1.2021 | အဓိက Browser ၄ ခုကို Malware Campaign တစ်ခုမှတိုက်ခိုက်ခြင်းခံခဲ့ရ

လက်တလောဖြစ်ပွားနေတဲ့ Malware Campaign တစ်ခုဟာ Web browser များရဲ့ လုံခြုံရေးကိုကျိုးပေါက်စေနိုင်တဲ့ Malware များဖြင့်တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိနေပြီး Malicious Browser Extension များကို ထည့်သွင်းခြင်းနှင့် အသုံးပြုသူများရဲ့ကွန်ပြူတာများတွင် အခြားသောပြောင်းလဲမှုများကို ပြုလုပ်နိုင်ကြကြောင်း Microsoft မှ ဒီဇင်ဘာလ၊ ၁၇ ရက်နေ့တွင် ထုတ်ပြန်မှုတစ်ရပ်ဖြင့်ကြေငြာခဲ့ပါတယ်။

ဒီ widespread ad-injection campaign တွင် Chrome, Firefox, Microoft Edge နဲ့ Yandex တို့ဟာ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ Androzek လို့အမည်ပေးထားတဲ့ malware ဟာ မတူညီတဲ့ Domain ပေါင်း ၁၅၉ ခုအတွင်းရှိ domain တစ်ခုလျှင် ၁၇,၃၀၀ unique URL များပါဝင်နေပြီး အဆိုပါ URL တစ်ခုစီတွင် မတူညီတဲ့ malware sample များ ၁၅,၃၀၀ ပါဝင်လျှက်ရှိနေတဲ့ ကွန်ယက်အပေါ်အားထားကာ အဖျက်လုပ်ငန်းများကို ပြုလုပ်နေကြောင်း သိရှိရပါတယ်။

အဆိုပါ Campaign ဟာ မေလအတွင်းတွင် စတင်၍ဖြစ်ပွားခဲ့တာဖြစ်ပြီး ဩဂုတ်လတွင် စိုးရိမ်ရတဲ့အခြေအနေသို့ ရောက်ရှိလာခဲ့ပါတယ်။ Install ပြုလုပ်မိလိုက်တာနဲ့ Androzek ဟာ အသုံးပြုနေတဲ့ Browser နဲ့ system တို့ကို ပြောင်းလဲမှုများစွာဖြစ်ပေါ်စေနိုင်စွမ်းရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။