Fortnite players can get 2 months Disney+ for free if they make in-game purchases

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.11.2020 | Fortnite player များအနေနဲ့ in-game purchases များပြုလုပ်ပါက Disney + ကို ၂လတာ အခမဲ့ရရှိနိုင်မည့် အစီအစဉ်

The Verge သတင်းစာတွင်ဖော်ပြခဲ့သော သတင်းများအရ Fortnite ရဲ့ developer ဖြစ်သူ Epic Games မှ ဈေးကွက်မြှင့်တင်ရေးလုပ်ဆောင်ချက်အသစ်တစ်ခုကို ကြေငြာပေးခဲ့ပါတယ်။ အဆိုပါ promotion တွင် in-game အတွင်းတွင် ပြင်ပငွေကြေးဖြင့်ဝယ်ယူမှုများပြုလုပ်သူ player များကို Disney Plus streaming ဝန်ဆောင်မှုအား ၂လတာ အခမဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါကမ်းလှမ်းချက်ကို နိုဝင်ဘာလ ၁၀ရက်နေ့ ည ၇နာရီ (ET) မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ သက်ရောက်မှုရှိစေမှာဖြစ်ပြီး Disney Plus ကို အသုံးပြုနိုင်မည့် မြောက်အမေရိက၊ ဥရောပ၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံများရှိ 18 နှစ်နှင့် အထက် player များအနေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Fortnite ဂိမ်းအတွင်း ပြင်ပငွေကြေးဖြင့်ဝယ်ယူမှုပြုလုပ်သည့်မည်သည့် ဝယ်ယူမှုမျိုးကိုမဆို (သူတို့ရဲ့ in-game currency တစ်ခုဖြစ်သော V-Bucks အပါအဝင်) ဝယ်ယူခြင်းအားဖြင့် အဆိုပါကမ်းလှမ်းချက်အားရရှိနိုင်မှာဖြစ် ပါတယ်။ သို့သော်လည်း V-Bucks ဖြင့်ဝယ်ယူသော ဝယ်ယူမှုများဟာတော့ ထိုကမ်းလှမ်းချက်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အဆိုပါ ၂လကြာ Disney Plus trial ကာလပြီးဆုံးသွားပါက အသုံးပြုသူများအနေနဲ့ subscription ကို cancel မလုပ်ထားပါက လစဉ်ကြေးပေးသွင်းသွားရမှာဖြစ်ပါတယ်။ 

Epic ဟာ ယခုဆိုရင်ဖြင့် Fortnite ရဲ့ in-app payment system ဟာ Apple ရဲ့ 30% အခွန်ငွေကို ရှောင်လွှဲခဲ့တာကြောင့် Apple နဲ့တရားရင်ဆိုင်နေရပြီး Apple မှ အဆိုပါ battle royal game ကို သူတို့ရဲ့ App Store ပေါ်မှ ဩဂုတ်လအတွင်းက ဖယ်ရှားခဲ့ပါတယ်။ Google နဲ့လည်း Fortnite ဟာ အလားတူပြဿနာကို ရင်ဆိုင်နေရပြီး Google မှလည်း Fortnite ရဲ့ android version ကို Playstore ပေါ်မှ ဖယ်ရှားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။