Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Fortnite ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လကတည်းက Apple ရဲ့ app store ပေါ်မှ ban ထာားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ Nvidia ရဲ့ GeForce Now streaming ဝန်ဆောင်မှုတွင် Fortnite ရဲ့ streaming version ကို closed beta အနေနဲ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် iPhone နှင့် iPad user များအနေနဲ့ ၎င်းတို့ရဲ့ဖုန်းများနှင့် Tablet များပေါ်တွင် GeForce Now ဝန်ဆောင်မှုရဲ့အကူအညီဖြင့် Fortnite ဂိမ်းကို streaming ပြုလုပ်၍ ဆော့ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။
Nvidia နှင့် Epic Games တို့ဟာလည်း Fortnite ကို GeForce Now ဝန်ဆောင်မှုအား (GeForce Now, Stadia, xCloud နှင့် Luna ကဲ့သို့သောဝန်ဆောင်မှုများကို iOS ပေါ်တွင် operate ပြုလုပ်ခွင့်ပေးထားသော တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့) Safari web browser ကိုအသုံးပြု၍ ပြန်လည်ဆော့ကစားနိုင်မှာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၀၂၀ ခုနှစ်ကတည်းက ကတိပေးပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။
Fortnite ကို ယခင်ကလည်း GeForce Now ပေါ်တွင် Android user များမှ ဆော့ကစား၍ရနေပြီးဖြစ်သော်လည်း အဆိုပါ version ဟာ Fortnite desktop version ရဲ့ streamed copy တစ်ခုမျှသာဖြစ်ပြီး ယခုထုတ်လုပ်လိုက်တဲ့ version အသစ်ကတော့ mobile device များအတွက် အထူးပြင်ဆင်ထားတဲ့ version တစ်ခုဖြစ်ကာ iOS နှင့် Android version Fortnite game များနည်းတူ touchscreen control များနှင့် menu များပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။