Ford will spend up to $20 billion more in shift to EVs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.2.2022 | လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် အပြောင်းအလဲများပြုလုပ်ရာတွင် Ford မှ နောက်ထပ် ကန်ဒေါ်လာ ဘီလျံ (၂၀) အသုံးပြုသွားမည်ဟု ကြေငြာ

Bloomberg မှ သတင်းတစ်ပုဒ်အရ - Ford ဟာ ၎င်းတို့ရဲ့ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းကို လျှပ်စစ်ကားထုတ်လုပ်ရေးသို့ တက်လှမ်းနိုင်ရန် ကန်ဒေါ်လာ ဘီလျံ (၂၀) အထိ ထပ်မံအသုံးပြုသွားမှာဖြစ်တယ်လို့ ကြေငြာခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် Ford ဟာ သူတို့ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံသူများအား ပိုမို၍ဆွဲဆောင်နိုင်စေရန်အတွက် သီးခြား special acquisition company တစ်ခုအဖြစ် ခွဲထွက်ရန်ကိုလည်း စဉ်းစားလျှက်ရှိနေကြောင်း သိရှိရပါတယ်။ ယခင်ကပြုလုပ်ခဲ့တဲ့ ကြေငြာမှုများအရ Ford ဟာ လျှပ်စစ်ကားနှင့် အလိုအလျှောက်မောင်းနှင်နိုင်သောကားများကို ထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အထိ ကာလအတွင်း ကန်ဒေါ်လာ ဘီလျံ (၃၀) အထိ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ယခင်က Apple နှင့် Tesla တို့တွင် Executive တစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသူဖြစ်တဲ့ Doug Field ကို Ford မှ ယခုပြုလုပ်လျက်ရှိနေတဲ့ reorganization လုပ်ငန်းများကို ဦးစီးဖို့တာဝန်ပေးထားပြီး အဆိုပါလုပ်ဆောင်ချက်များတွင် - ၎င်းတို့ရဲ့ စက်ရုံများကို သဘာဝဓါတ်ငွေ့အင်ဂျင်များမှ လျှပ်စစ်စွမ်းအင်သုံး ယာဉ်များထုတ်လုပ်ခြင်းသို့ ပြောင်းလဲရန်နှင့် အင်ဂျင်နီယာများထပ်မံဌားရမ်းခေါ်ယူခြင်းတို့အထိ ပါဝင်နေပါတယ်။ (ဖေဖော်ဝါရီလ ၁ ရက်နေ့က General Motors မှ ပြုလုပ်ခဲ့တဲ့ ကြေငြာမှုများအရ ၎င်းတို့ဟာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းပေါင်း ၈,၀၀၀ ခန့်အထိ ဌားရမ်းခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။