Ford and Rivian cancel plan to jointly develop an EV

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.11.2021 | Ford နှင့် Rivian တို့မှ အတူတကွပူးပေါင်း၍ လျှပ်စစ်ကားထုတ်လုပ်ရန်အစီအစဉ်ကို ဖျက်သိမ်းခဲ့ 

Ford နှင့် Rivian တို့မှ ၎င်းတို့အတူတကွပူးပေါင်း၍ လျှပ်စစ်ကားတစ်စီးထုတ်လုပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ Automotive News နှင့် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုတွင် Ford CEO Jim Farley မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ကားအစီးရေပေါင်း ၆၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားတဲ့အတွက် ၎င်းတို့တစ်ဦးတည်းသာ လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Ford မှ ၂၀၁၉ ခုနှစ်အတွင်းတွင် Rivian ထံသို့ ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပြီး ၂ ဖက်စလုံးမှ Ford ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်အောက်မှ လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ကြေငြာခဲ့သော်လည်း ၂၀၂၀ ခုနှစ်အစောပိုင်းတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုများကို အကြောင်းပြု၍ အဆိုပါ Lincoln တံဆိပ် လျှပ်စစ်ကားထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ထိုအချိန်က အခြားသောကားတစ်စီးကို Rivian ရဲ့နည်းပညာအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေငြာခဲ့သေးသော်လည်း ယခုအခါတွင် အဆိုပါ project ကို ဆက်လက်လုပ်ဆောင်သွားနိုင်တော့မှာမဟုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ 

Farley ရဲ့ အဆိုအရ အဆိုပါ project ကို ဆက်လက်၍ မလုပ်ကိုင်တော့ဖို့ရာအတွက် Ford နှင့် Rivian တို့မှ ဆုံးဖြတ်ချက်ချလိုက်ရတဲ့ အကြောင်းအရင်းရဲ့ တစိတ်တဒေသကတော့ ၎င်းတို့ရဲ့ hardware နဲ့ software များဟာ အတူတကွပူးပေါင်းထည့်သွင်းနိုင်ရန် ခက်ခဲမှုများရှိနေခြင်းကြောင့်ဖြစ်တယ်လို့ သိရှိရပြီး ကုမ္ပဏီ ၂ ခုစလုံးမှ ဒီဆုံးဖြတ်ချက်ဟာ သူတို့ ကုမ္ပဏီ ၂ ခုအကြားရှိ ကောင်းမွန်တဲ့ဆက်ဆံရေးအပေါ် ထိခိုက်မှုရှိစေမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။