Fitbit wants to make lung ventilators

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.5.2020 | Fitbit ဟာ အကူအသက်ရှုကိရိယာများကို ပြုလုပ်လိုနေပါတယ်။

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fitbit ဟာ သူတို့ရဲ့ အားကစားလက်ပတ်များကြောင့်လူသိများထင်ရှားကြပါတယ်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းတွင် ၎င်းဟာ အကူအသက်ရှုကိရိယာများ ထုတ်လုပ်ဖို့ကိုလဲ အာရုံစိုက်လိုနေကြပါတယ်။

အကူအသက်ရှုကိရိယာများလိုအပ်ချက်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း သိသိသာသာကိုမြင့်မားလာခဲ့ပြီး ၎င်းအရာများကိုအထူးပြုထုတ်လုပ်သည့်ကုမ္ပဏီများမှာ မှာယူမှုများကိုပြည့်မှီအောင်မထုတ်လုပ်နိုင် ခဲ့ပါဘူး။ ဒါ့ကြောင့် အခြားသောနယ်ပယ်များတွင် ကျင်လည်နေတဲ့ကုမ္ပဏီများဟာ ၎င်းပစ္စည်းများကို ထုတ်လုပ်နိုင်ရန်ကူညီပေးလျက်ရှိနေပါတယ်။ အမေရိကန်တွင် ၎င်းတို့ကို Ford နှင့် General Motors ကဲ့သို့သောကုမ္ပဏီများမှ ထုတ်လုပ်ပေးလျက်ရှိနေပြီး ယခု Fitbit ဟာလည်း သူတို့နဲ့အတူ ပူးပေါင်းပါ ဝင်လာတော့မှာဖြစ်ပါတယ်။ 

CEO ဖြစ်သူ James Park မှ CNBC သို့ “ပန်ကာများလုံလုံလောက်လောက်မရှိ ခြင်းဟာ ပြဿနာကြီး တစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့ဟာ ဒီလိုမျိုးထောက်ပံ့မှုကွင်းဆက်ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ဖူးပါတယ်“ ဟု ပြောကြားခဲ့ပါသည်။

၎င်းတို့ဟာ ဈေးလည်းသက်သာနိုင်မယ့် နည်းပညာမြင့် အရေးပေါ်ပန်ကာများကိုထုတ်လုပ်သွားရန် ရည်ရွယ်ထားတယ်လို့လဲ Park မှ ပြောကြားခဲ့သော်လည်း အရေအတွက်အတိအကျကိုတော့ ထုတ်ဖော်ပြောကြားမှုမပြုခဲ့ပါဘူး။ 

ဒီစက်ပစ္စည်းများရဲ့ဈေးနှုန်းဟာ အကြမ်းဖျင်းအားဖြင့် ဒေါ်လာထောင်ပေါင်းများစွာကျသင့်နိုင်ပြီး အကောင်းဆုံး စက်ပစ္စည်းများကိုဝယ်ယူရန် ဒေါ်လာ ၅သောင်းခန့်ကျသင့်မှာဖြစ်ပါတယ်။ 

Fitbit ဟာ ယခုအခါတွင် အစားအသောက်နှင့် ဆေးဝါးစစ်ဆေးမှုဌာနမှ ချွင်းချက်အနေနဲ့ခွင့်ပြုချက် ကို စောင့်ဆိုင်းလျက်ရှိပါတယ်။ အသိအမှတ်ပြုလက်မှတ်မရှိသော ဆေးဝါးနှင့်သက်ဆိုင်မှုမရှိတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ထိုသို့ချွင်းချက်အနေနဲ့ခွင့်ပြုချက်ကိုမှမရခဲ့ရင်တော့ အကူအသက်ရှုကိရိယာများ ကို ထုတ်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ 

 

(Unicode)

Fitbit ဟာ အကူအသကျရှုကိရိယာမြားကို ပွုလုပျလိုနပေါတယျ။





 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။