Fibit updates their older devices

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.9.2020 | Fitbit က သူတို့ယခင်ကထွက်ရှိပြီးသား device များကို update အသစ်တစ်ခုပေးခဲ့ပါတယ်။ 

အသစ်ထွက်ရှိလာမယ့် smartwatch အသစ်များကိုကြေငြာမှုမပြုခင်မှာ ကျန်းမာရေး digital လက်ပတ်နာရီ brand တစ်ခုဖြစ်တဲ့ Fibit က သူတို့ယခင်ကထွက်ရှိပြီးသား device များအတွက် လုပ်ဆောင်ချက်အသစ် အချို့ပါဝင်တဲ့ update အသစ်တစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ update ဟာ သူတို့ယခင်ကထွက်ရှိခဲ့ဖူးတဲ့ Charge နဲ့ Versa device များတွင် Active Zone Minutes လို့ခေါ်တွင်တဲ့ နှလုံးခုန်နှုန်းကိုတိုင်းတာနိုင်တဲ့ တွက်ချက်မှုအသစ်ကိုထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ 

Active Zone Minutes ဆိုတာကတော့ မိမိတို့ရဲ့ လှုပ်ရှားမှုရှိတဲ့အချိန်များကိုတွက်ချက်နိုင်ဖို့အတွက် နည်းလမ်း အသစ်တစ်ခုပဲဖြစ်ပြီး သင့်ရဲ့နှလုံးခုန်နှုန်းဟာ fat burn zone အထိမြင့်တက်သွားတဲ့အခါများတွင်မှ တစ်မိနစ်တိုးလာမှာဖြစ်ပါတယ်။ အကယ်၍ cardio လေ့ကျင့်ခန်းပြုလုပ်လျှင်ဖြစ်ဖြစ် သင့်ရဲ့နှလုံးခုန်နှုန်းက peak zones များအတွင်းသို့ရောက်ရှိသွားရင်ပဲဖြစ်ဖြစ် သင့်အနေနဲ့ credit ကို ၂ ဆ ရရှိနိုင်မှာဖြစ်ပါတယ်။ 

အဆိုပါလုပ်ဆောင်ချက်ကို ပထမဦးဆုံး Charge 4 နဲ့ Versa 3 တို့မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်သော်လည်း ယခုခါမှာတော့ Charge 3 နဲ့ အခြား Versa 3 ထက် စောထွက်ထားတဲ့ Versa smartwatch များတွင်လည်း အဆိုပါလုပ်ဆောင်ချက်ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။