FDA will approve Pfizer-BioNTech vaccine to use in ages 12-15 soon.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.5.2021 | မကြာမှီတွင် အသက် ၁၂နှစ်မှ ၁၅နှစ်အတွင်းရှိ ကလေးများကို Pfizer-BioNTech ရောဂါကာကွယ်ဆေးထိုးနှံနိုင်စေဖို့အတွက် FDA မှ အတည်ပြုပေးသွားမည်

အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး (FDA) ဟာ Pfizer-BioNTech COVID-19 ရောဂါကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်များအတွက် ယခုအပတ်နှောင်းပိုင်းမှ လာမည့်အပတ် အစောပိုင်းအတွင်း ခွင့်ပြုပေးသွားရန် စီစဉ်လျှက်ရှိကြောင်း New York Times မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။ 

“အသက် ၁၂နှစ်မှ ၁၅နှစ်အကြား ဆယ်ကျော်သက်များအပေါ် စမ်းသပ်ခဲ့တဲ့ အဆိုပါ clinical trial ဟာ ကျွန်ုပ်တို့ကို များစွာအားရကျေနပ်မှုဖြစ်စေခဲ့ပါတယ်။ နောက်ပြီး ပိုမိုငယ်ရွယ်တဲ့ ကလေးများတွင် ကာကွယ်ဆေးထိုးနှံနိုင်ဖို့ဟာလည်း ပိုမို၍အရေးကြီးလာပြီဖြစ်ကြောင်းကို ဒီနေရာကနေ ပြောကြားလိုပါတယ်။” ဟူ၍ Pafizer ရဲ့ CEO ဖြစ်သူ Albert Bourla မှ New York Times နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ပြောဆိုခဲ့ပါတယ်။ 

“ဒီဒေတာအချက်အလက်များကို FDA နှင့် ကမ္ဘာတစ်လွှားရှိ အခြားသောကြီးကြပ်သူများထံသို့ လာမည့်အပတ်အတွင်း ပေးပို့သွားရန်ရှိပြီး ကျွန်ုပ်တို့အနေဖြင့် အရေးပေါ်အသုံးပြုခွင့်ရရှိနိုင်ရန်လုပ်ဆောင်သွားမှာဖြစ်ကာ ယခုဖော်ပြပါ အသက်အရွယ်အပိုင်းအခြားအား လာမည့်ကျောင်းတက်နှစ် မစတင်မှီအတွင်း အပြီးသတ်ထိုးနှံနိုင်ကြဖို့ကို မျှော်လင့်ထားပါတယ်။” ဟူ၍လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။