FDA authorized second booster dose for older people and people who are immunocompromised

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.4.2022 | FDA မှ အသက်အရွယ်ကြီးမြင့်သူများနှင့် ကိုယ်ခံအားစနစ်အားနည်းသူများကို ဒုတိယအကြိမ် booster dose များ ထိုးနှံမှုပြုလုပ်ရန် ခွင့်ပြုပေးလိုက်ကြောင်း ကြေငြာ 

FDA မှ Pfizer/ BioNTech နှင့် Moderna COVID-19 ကာကွယ်ဆေးများကို ကိုယ်ခံအားစနစ်အားနည်းသူများနှင့် အသက် ၅၀ ကျော်သူများအတွက် ဒုတိယအကြိမ် booster dose ထိုးနှံရန် ခွင့်ပြုပေးခဲ့ကြောင်း FDA မှ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံအတွင်းတွင် Omicron ဗိုင်းရပ်စ်ရဲ့ ပိုမိုကူးစက်ပြန့်ပွားလွယ်တဲ့ မျိုးကွဲတစ်ခုကြောင့် နောက်ထပ် COVID – 19 ရောဂါကူးစက်မှုများ ဖြစ်ပွားလျှက်ရှိနေတဲ့အတွက် အဆိုပါဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ FDA ရဲ့ ပြောကြားချက်တစ်ခုအရ ဒုတိယအကြိမ် booster dose ထိုးနှံခြင်းဟာ အထက်တွင်ဖော်ပြထားသော အုပ်စုအတွင်းရှိ သူများအတွက် လျော့နည်းလာတဲ့ ရောဂါကာကွယ်နိုင်စွမ်းကို ပြန်လည်မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

FDA ဟာ COVID-19 ရောဂါကာကွယ်ဆေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို အခြားသောနိုင်ငံများမှ ရရှိလာတဲ့ ဒေတာအချက်အလက်များအပေါ် အမှီသဟဲပြု၍ ဆုံးဖြတ်နေရတာဖြစ်ပြီး ယခုကိစ္စတွင်တော့ အစ္စရေးနိုင်ငံတွင် Booster dose ၁ ခုသာထိုးနှံထားသူ သက်ကြီးရွယ်အိုများနှင့် နှိုင်းစာလျှင် Booster dose ၂ ခု ထိုးနှံထားသူများဟာ အပြင်းအထန်နေမကောင်းဖြစ်ခြင်းနှင့် သေဆုံးမှုနှုန်းထားများ ပိုမိုလျော့နည်းမှုရှိတာကို တွေ့ရှိခဲ့ရတဲ့အတွက် ထိုသို့ဆုံးဖြတ်ချက်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ သို့သော်လည်း လေ့လာတွေ့ရှိချက်များအရ ငယ်ရွယ်သောသူများတွင်တော့ ထိုကဲ့သို့ စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးနှံမှုပြုလုပ်ခြင်းဟာ antibody ပမာဏကို ပိုမိုများပြားလာစေသော်လည်း COVID-19 ရောဂါကူးစက်မှုကိုတော့ သိသိသာသာ ကာကွယ်ပေးနိုင်စွမ်းမရှိဘူးဟုလည်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။