Fall Guys from the Creator Mediatonic was brought by Epic.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.3.2021 | မူရင်းဂိမ်းဖန်တီးသူ ကုမ္ပဏီဖြစ်တဲ့ Mediatonic မှတဆင့် Fall Guys ဂိမ်းကို Epic မှ ဝယ်ယူခဲ့

Mediatonic ဟု ခေါ်ဆိုသော ဗြိတိန်အခြေစိုက် video game ကုမ္ပဏီတစ်ခုဟာ ၂၀၂၀ ခုနှစ်အတွင်းရေပန်းအစားဆုံး Fall Guys: Ultimate Knockout ရဲ့ မူရင်းဖန်တီးသူကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ Mediatonic ကို Brunel Univisity မှ ကျောင်းသား ၂ ဦးမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုအချိန်တွင် London, Brighton နဲ့ Madrid မြို့များတွင် ရုံးခွဲများကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ 

Epic ရဲ့ ပြောဆိုချက်အရ မကြာသေးမှီကကြေငြာခဲ့တဲ့ Xbox နဲ့ Nintendo Switch အတွက် Fall Guys ဂိမ်းဗားရှင်းများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်၍ထုတ်လုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ Fall Guys ကို ငွေကြေးပမာဏမည်မျှသုံးစွဲ၍ ဝယ်ယူခဲ့ရသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။ 

Mediatonic ကတော့ Fortnite ရဲ့တည်ထောင်သူများဖြစ်တဲ့ Epic Games မှ သူတို့ဖန်တီးထားတဲ့ ဂိမ်းအားဝယ်ယူခြင်းခံရခြင်းဟာ “Fall Guys နဲ့ အခြားသောဂိမ်းများအတွက်” ကြီးစွာဂုဏ်ယူရမယ့်အချက်တစ်ခုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ Fall Guys ကို ၂၀၂၀ ခုနှစ် နှစ်လယ်ခန့်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ ရေပန်းအစားဆုံးဂိမ်းတစ်ခုဖြစ်လာခဲ့ကာ သူတို့ရဲ့ golf-style obstacle course များနဲ့ အရောင်အသွေးစုံလင်သော “jellybean” ဂိမ်းကာရိုက်တာများကို battle royale ပုံစံနဲ့ဆော့ကစားရခြင်းအား လူသန်းပေါင်းများစွာမှ နှစ်ခြိုက်စွာ ဆော့ကစားခဲ့ကြပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။