Facebook's massive outage costs the company an estimated $60 million in revenue

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.10.2021 | Facebook server များ down သွားခြင်းကြောင့် ကုမ္ပဏီအတွက် အမြတ်ငွေ ကန်ဒေါ်လာသန်း ၆၀ ခန့်ဆုံးရှုံးခဲ့ရ

ကမ္ဘာ့အကြီးဆုံး social network တစ်ခုဖြစ်တဲ့ Facebook ဟာ ၎င်းရဲ့ app များဖြစ်တဲ့ Facebook, Instagram နှင့် WhatsApp တို့ အောက်တိုဘာလ ၁၁ ရက်နေ့၊ တနင်္လာနေ့၊ မြန်မာစံတော်ချိန် ည ၁၀:၀၀ ခန့်က offline ဖြစ်သွားခဲ့တဲ့အတွက် ကန်ဒေါ်လာသန်း ၆၀ ခန့်ဆုံးရှုံးခဲ့ရတယ်လို့ Fortune နဲ့ Snopes တို့ရဲ့ ခန့်မှန်းချက်များအရ သိရှိရပါတယ်။

Facebook ရဲ့ second-quarter အတွင်းရရှိခဲ့တဲ့အမြတ်ငွေကို ထုတ်ပြန်ကြေငြာခဲ့စဉ်က ကိန်းဂဏ္ဍန်းများကို အခြေပြု၍ Media outlet ၂ ခုစလုံးမှ အဆိုပါခန့်မှန်းချက်ကိုပြုလုပ်ခဲ့ကြတာဖြစ်ပြီး။ အဆိုပါ ၃ လတာကာလအတွင်း Facebook ဟာ အမြတ်ငွေ ကန်ဒေါ်လာ ၂၉ ဘီလျံကိုရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါကြောင့် Facebook ဟာ တစ်ရက်လျှင့်အမြတ်ငွေအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း ၃၁၉.၆ သန်းရရှိနေတယ်လို့ဆိုနိုင်ပြီး ၁ နာရီလျှင် ကန်ဒေါ်လာ ၁၃.၃ သန်းကိုရရှိနေကာ၊ တစ်မိနစ်လျှင် ကန်ဒေါ်လာ ၂၂၀,၀၀၀ နှင့် တစ်စက္ကန့်တိုင်း ကန်ဒေါ်လာ ၃,၇၀၀ ကို ရရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒီအချက်ကိုအခြေခံ၍ Facebook server များ မည်မျှကြာကြာ down သွားသလဲဆိုတာကို တွက်ချက်ကြည့်လိုက်တဲ့အခါမှာ အထက်ပါရလာဒ်ကိုရရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

အမြတ်ငွေများဆုံးရှုံးရခြင်းဟာ Facebook အနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ တစ်ခုတည်းသောအခက်အခဲတော့ မဟုတ်ပြန်ပါဘူး။ ထိုနေ့တွင်ပဲ ကုမ္ပဏီရဲ့ ရှယ်ယာများဟာ ၅% ($326.23 per share) အထိထိုးကျသွားခဲ့ပြီး စတော့ရှယ်ယာများကို အစုလိုက်အပြုံလိုက်ရောင်းချခြင်းကိုလည်း ခံစားခဲ့ရပါတယ်။

ဒီလိုရှယ်ယာတန်ဖိုးများ ထိုးကျသွားခဲ့ခြင်းဟာ CEO ဖြစ်သူ Mark Zukerberg ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးကိုလည်း လျော့ကျသွားစေခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၁၂၁.၆ ဘီလျံသို့ ကျဆင်းခဲ့ကာ ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးစရာရင်းတွင် Bill Gates ရဲ့ အောက် ကမ္ဘာ့အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။