Facebook will ask surveys about their News Feed to users

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.4.2021 | Facebook မှ သူတို့ရဲ့ News Feed နဲ့ ပတ်သက်၍ user များအား စစ်တမ်းကောက်ယူမှုပြုလုပ်မည့် မေးခွန်းများ မေးမြန်းသွားရန်ရှိနေ 

Facebook ဟာ သူတို့ရဲ့ News Feed ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန်အတွက် ကြိုးစားနေဆဲဖြစ်ပြီး ယခုအခါတွင် User များအား သူတို့တွေ့မြင်လိုတဲ့ content အမျိုးအစားများအကြောင်းကို စတင်မေးမြန်းသွားဖို့အတွက် စီစဉ်လျှက်ရှိနေပြီဟု Endgadget ရဲ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့ပါတယ်။ လာမည့်လအနည်းငယ်အတွင်း ကုမ္ပဏီအနေနဲ့ သူတို့ News Feed များပေါ်က content များအကြောင်း စစ်တမ်းကောက်ယူမှုများပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်တဲ့ content များကို အများအပြားမြင်နေရခြင်းဟာ “negative experiences” များကို ဖြစ်ပေါ်စေသလားဆိုတဲ့မေးခွန်းအပါအဝင် အခြားသောမေးခွန်းများကို မေးမြန်းသွားဖို့ ရှိနေပါတယ်။ 

Facebook မှ blogpost တစ်ခုတွင် “သူတို့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းတွေ၊ နောက်ပြီး သူတို့ရဲ့ News Feed experience နဲ့ကိုက်ညီမှုမရှိတဲ့ post တွေနဲ့ comment တွေကို များစွာတွေ့မြင်နေရကြောင်း အသုံးပြုသူများမှ ပို၍ပို၍ဝေဖန်ပြောဆိုလာကြတာကို သိရှိရပါတယ်။” “ဒီအတွက် ကျွန်ုပ်တို့အနေနဲ့ အဆိုပါ negative experience များကို ဘယ်လို content များက ဖြစ်ပေါ်စေခဲ့သလဲဆိုတာကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်ရန်အတွက် ကြိုးစားသွားမှာပါ။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ Mark Zukerberg ဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ content များကို Facebook News Feed ပေါ်တွင် အများအားဖြင့် လျော့နည်းသွားစေဖို့အတွက် ပြုလုပ်သွားလိုကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါသေးတယ်။” ဇန်နဝါရီလအတွင်းက “အသုံးပြုသူများက သူတို့ရဲ့ Facebook အသုံးပြုခြင်း အတွေ့အကြုံအား နိုင်ငံရေးနဲ့ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဖြစ်ပွားခြင်းတို့ကြောင့် အနှောက်အယှက် မဖြစ်စေလိုကြပါဘူး။” ဟူ၍ သူက ပြောကြားခဲ့ပါတယ်။ အခြားတစ်ဖက်တွင်လည်း Facebook ဟာ News Feed များပေါ်ရှိ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ပို့စ်များကို ဖယ်ရှား၊ လျှော့ချနိုင်မည့်နည်းလမ်းများကို စမ်းသပ်လျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။