Facebook was fined $70 million for purposefully hiding its acquisition of Giphy

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.10.2021 | Giphy ကို ဝယ်ယူခဲ့ခြင်းအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်မှုပြုလုပ်ခဲ့ခြင်းကြောင့် Facebook ကို ကန်ဒေါ်လာသန်း ၇၀ ဒါဏ်ကြေးပေးဆောင်ရန် သတ်မှတ်ခံရ 

U.K ရဲ့ Competition and Markets Authority (CMA) မှ Facebook ဟာ Giphy ကို ဝယ်ယူခဲ့မှုအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်မှုပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းကို ပေါင်ငွေ သန်း ၅၀ (ကန်ဒေါ်လာ သန်း ၇၀) ဒါဏ်ကြေးချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ Facebook ဟာ Giphy ကို ၂၀၂၀ ခုနှစ်အတွင်းက ကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် ဝယ်ယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

Facebook နဲ့ အဆိုပါ GIF-making hub တို့အကြားက သဘောတူညီမှုများကို UK အာဏာပိုင်များက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး CMA အနေနဲ့ antitrust စစ်ဆေးမှုများကို စတင်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ CMA မှ Intial Enforcement Order (IEO) ကို ထုတ်ပြန်ခဲ့ပြီး Facebook နှင့် Giphy တို့အနေနဲ့ ပူးပေါင်းမှုများကို ရပ်တန့်ထားရန်နှင့် ကုမ္ပဏီ (၂) ခုစလုံးအနေနဲ့ ယခင် ဝယ်ယူမှု မပြုလုပ်ခင်ကအတိုင်း ဆက်လက်၍ ယှဉ်ပြိုင်မှုများကို ပြုလုပ်သွားရန် စေခိုင်းခဲ့ပါတယ်။ 

CMA မှ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအရ - Facebook ဘက်မှ သတိပေးမှုများစွာ ပြုလုပ်ခဲ့သည့်ကြားမှ IEO အတွက် လိုအပ်တဲ့ အချက်အလက်များကို ပေးအပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရှိရပြီး ဒီကဲ့သို့ IEO ကို လိုက်နာမှုမပြုလုပ်နိုင်ပဲ “လိုအပ်တဲ့အချက်အလက်များကို တင်ပြဖို့ငြင်းဆိုခဲ့ခြင်းကြောင့် ကန်ဒေါ်လာ သန်း ၇၀ ကို ဒါဏ်ကြေးအဖြစ်ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။