Facebook was accused of forcing their content moderators back to the office

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.12.2020 | Facebook အား သူတို့ရဲ့ Content Moderater များကို အတင်းအကြပ်ရုံးပြန်တက်ခိုင်းစေခဲ့သည်ဟု စွပ်စွဲမှုများရှိလာ

BBC News မှ သတင်းတစ်ပုဒ်အရ Facebook တွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘာတစ်လွှားမှဝန်ထမ်းများ ၂၀၀ ခန့်က Facebook ကို Content Moderator များအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်ခြေများရှိနေ သော်လည်း သူတို့ကို အတင်းအကြပ်ရုံးတက်စေခဲ့သည်ဟူ၍ စွပ်စွဲမှုများရှိလာခဲ့ပါတယ်။ 

အဆိုပါစွပ်စွဲချက်များဟာ အိတ်ဖွင့်ပေးစာတစ်စောင်တွင် ပါဝင်လာခဲ့ပြီး ထိုအထဲတွင် - Facebook ဟာ မလိုလားအပ်တဲ့စွန့်စားမှုများကို အသက်နဲ့ရင်းပြီး ပြုလုပ်စေပြီး အကျိုးအမြတ်များဆက်လက်ရရှိနေဖို့ အတွက် လုပ်ဆောင်လျှက်ရှိနေတယ်ဟူ၍ ဆိုထားခဲ့ပြီး ဝန်ထမ်းများက Facebook သို့ ဖုန်းခေါ်ဆို၍ Work From Home ကို ပိုမို၍ခွင့်ပြုပေးသွားနိုင်ရန်အတွက် အပြောင်းအလဲများလုပ်ဆောင်ပေးရန်၊ ခက်ခဲသောအချိန်များတွင် အလုပ်လုပ်ကိုင်ရခြင်းအတွက် အပိုဆောင်းပေးငွေ အစရှိသည့် အကျိုးခံစားခွင့်များကို ပေးအပ်သွားရန်တောင်းဆိုခဲ့ကြသည်ဟူ၍ဆိုထားခဲ့ပါတယ်။ 

Facebook မှတော့ Content reviewer များရဲ့ အများစုဟာ လက်ရှိတွင် Work From Home လုပ်နေကြတာဖြစ်ပြီး “ကုမ္ပဏီအတွင်းပိုင်းကိစ္စများကို ပွင့်လင်းစွာပြောဆိုခြင်းကို အားပေးထားသော်လည်း ဒီအရာမျာဟာ ရိုးသားမှုရှိဖို့တော့လိုအပ်ပါမယ်” ဟူ၍ပြောကြားသွားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ “ကမ္ဘာနှင့်အဝှမ်းရှိ ၁၅၀၀၀ ခန့်သော content reviewer များဟာ Work From Home လုပ်နေဆဲဖြစ်ပြီး ကပ်ရောဂါကာလမပြီးဆုံးမှီအထိ ထိုသို့ပဲ ဆက်လက်၍လုပ်ကိုင်စေဦးမှာဖြစ်တယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။