Facebook to hire 10,000 in EU to work on metaverse

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.10.2021 | Facebook မှ Metaverse ကို ဖန်တီးနိုင်ရန်အတွက် ဥရောပ union အတွင်း ဝန်ထမ်းပေါင်း ၁၀,၀၀၀ ခန့်ကို ဌားရမ်းခေါ်ယူနိုင်ရန် စီစဉ်လျှက်ရှိနေ 

Facebook ဟာ ဥရောပ union အတွင်း Metaverse ဟုအမည်ပေးထားတဲ့ - အသုံးပြုသူများအနေနဲ့ ဂိမ်းကစားခြင်း၊ အလုပ်လုပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ခြင်းတို့ကို virtual ပတ်ဝန်းကျင်တစ်ခုတွင် VR headset များရဲ့အကူအညီဖြင့် ပြုလုပ်နိုင်မည့် Online ကမ္ဘာတစ်ခုကို ဖန်တီးတည်ဆောက်ရန်အတွက် ဝန်ထမ်းပေါင်း ၁၀,၀၀၀ ခန့်ကို ဌားရမ်းခေါ်ယူမှုပြုလုပ်ရန် စီစဉ်လျှက်ရှိနေပါတယ်။ 

“Metaverse ဟာ အသစ်အသစ်သော creative, social နှင့် economic opportunity တွေကို ဆောင်ကြဉ်းလာနိုင်မှာဖြစ်ပြီး ဥရောပတိုက်သားများအနေနဲ့ ဒီပရောဂျက်က ကနဦးအချိန်များတည်းက ပါဝင်ဆောင်ရွက်နိုင်ခွင့် ရရှိမှာဖြစ်ပါတယ်” ဟု Facebook က blogpost တစ်ခုတွင် ပြောဆိုခဲ့သလို Metavers ကို တည်ဆောက်ခြင်းအား Facebook မှ ၎င်းတို့ရဲ့အကြီးမားဆုံးသော ဦးစားပေးအရာများထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြောင်းကိုလည်း သိရှိရပါတယ်။ 

Facebook ရဲ့ ပြောစကားအရ “Metaverse” ကို ကုမ္ပဏီတစ်ခုတည်းမှ တိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်း ပြီးမြောက်အောင် တည်ဆောက်နိုင်မှာမဟုတ်တဲ့အတွက် အကျိုးတူပူးပေါင်းမှုများကိုလည်း ပြုလုပ်သွားဖို့ရှိနေကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။