Facebook shuts down its podcast platform in less than a year after it launched

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.5.2022 | စတင်ဖွင့်လှစ်ပြီး ၁ နှစ်သာသာခန့်တွင် ၎င်းတို့ရဲ့ podcast platform ကို ပိတ်သိမ်းမှုပြုလုပ်လိုက်ပြီဖြစ်တဲ့ Facebook 

Facebook ဟာ ၎င်းတို့ရဲ့ podcast platform ကို စတင်ဖွင့်လှစ်ပြီး ၁ နှစ်ကျော်ခန့်တွင် ပိတ်သိမ်းမှုပြုလုပ်လိုက်ပြီဖြစ်တဲ့အတွက် creator များအနေနဲ့ သူတို့ရဲ့ အဆိုပါဝန်ဆောင်မှုပေါ်သို့ show အသစ်များကို ယခုအပတ်အတွင်း upload ပြုလုပ်၍ရနိုင်ဦးမှာမဟုတ်ပဲ အဆိုပါ platform ကို ဇွန်လ ၃ ရက်နေ့တွင် အပြီးတိုင်ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ Bloomberg မှ သတင်းများအရ သိရှိရပါတယ်။ 

ဒီကဲ့သို့လုပ်ဆောင်ရခြင်းဟာ Facebook ရဲ့ audio product များကို ပြန်လည်၍ အကဲဖြတ်မှုများကို ကျယ်ပြန့်စွာပြုလုပ်သွားနိုင်ရန်အတွက်ဖြစ်တယ်လို့ သိရှိရပြီး ကုမ္ပဏီဟာ အဆိုပါ site ရဲ့ Soundbites နှင့် Audio hubs များကိုလည်းပိတ်ထားခဲ့ပြီး ၎င်းရဲ့ live-streaming ပြုလုပ်နိုင်သည့် Live Audio Room feature (Clubhouse app နဲ့ပုံစံတူ) ကိုလည်း Facebook Live Suite သို့ ထည့်သွင်းလျှက်ရှိနေပါတယ်။ 

Meta ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူAdelaide Coronado ကတော့ ဒီပြောင်းလဲမှုပြုလုပ်ချက်များဟာ ကုမ္ပဏီရဲ့ audio ထုတ်ကုန်များကို ပိုမို၍ရိုးရှင်းမှုရှိလာစေမှာဖြစ်တယ်လို့ “The Verge” သို့ ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။