Facebook says it's getting better at taking down hate speech while using AI

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.12.2020 | Facebook ဟာ AI ကို အသုံးပြု၍ Hate Speech များကို ဖယ်ရှားရာတွင် ပိုမို၍ တိုးတက်မှုများရှိလာကြောင်း ကြေငြာပြောကြားခဲ့ 

CNN သတင်းဆောင်းပါးတစ်ပုဒ်အရ Facebook ဟာ artificial intelligence ကို အသုံးပြု၍ hate speech များကို သူတို့ရဲ့ social network ပေါ်တွင်ရှာဖွေနိုင်စေဖို့အတွက် အချိန်များစွာယူကာ တည်ဆောက်မှုများပြုလုပ်ခဲ့ပါတယ်။ Facebook ရဲ့ အဆိုအရတော့ ယခုအခါ သူတို့ဟာ ဖယ်ရှားမှုများပြုလုပ်ခဲ့တဲ့ content များရဲ့ 95% ကို အဆိုပါနည်းပညာကို အသုံးပြုပြီး ဖယ်ရှားနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ကျန် 5% ဟာတော့ ဖယ်ရှားနိုင်ဖို့အတွက် ခက်ခဲလိမ့်မယ်ဟူ၍လည်း သုံးသပ်ခဲ့ကြပါတယ်။ 

မကြာသေးမှီက Facebook မှ ထုတ်ပြန်ချက်များအရ သူတို့ရဲ့ AI system ဟာ hate speech content ပေါင်း ၂၂.၁ သန်းခန့်အနက်မှ 94.7% ကို ၂၀၂၀ ခုနှစ်ရဲ့ ပထမ ၃ လတာ ကာလအတွင်း ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအရာက ယခင်နှစ် ပထမ ၃ လတာ ကာလအတွင်း AI မှ စစ်ထုတ်နိုင်ခဲ့သော hate speech ပေါင်း 80.5% နှင့် ၂၀၁၇ ခုနှစ်အတွင်း AI မှ စစ်ထုတ်နိုင်ခဲ့သော hate speech ပေါင်း 24% နှင့် နှိုင်းစာလိုက်ပါက ပိုမို၍ တိုးတက်မှုရှိလာတာကို ပြသလျှက် ရှိနေပါတယ်။ 

အခြားသော social network များနည်းတူ Facebook ဟာလည်း လူသား moderator များကို ကူညီ၍ Facebook နဲ့ Instagram ပေါ်ရှိ များပြားလှသော content များကို စစ်ဆေးနိုင်ရန်အတွက် AI ကို အားကိုးအားထားပြုနေရပါတယ်။ ဒါက တစ်ခါတစ်ရံတွင် ခက်ခဲမှုများရှိလာနိုင်ပြီး ဥပမာ - တစ်ခုစီ သီးခြားရှိနေပါက ပြစ်ချက်တစ်စုံတစ်ရာမရှိသော စကားလုံး ၂ လုံးဟာ အတူတကွပေါင်းစည်းလိုက်တဲ့အခါတွင် နာကျင်မှုရှိစေနိုင်သော စကားလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သောကြောင့်ပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။