Facebook’s plans to create Instagram app for minors – activists disagrees

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.4.2021 | Facebook မှ ကလေးများအတွက် Instagram App သတ်သတ်ပြုလုပ်ပေးမည့်အစီအစဉ်အား ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ ပယ်ဖျက်ခဲ့ 

အသက် ၁၃ နှစ်အောက် ကလေးငယ်များအတွက် Instagram app တစ်ခုပြုလုပ်ပေးရန် Facebook မှ အစီအစဉ်များကို ကြေငြာခဲ့ပြီးနောက် အဆိုပါ app ကို မိဘများမှ စီမံခန့်ခွဲ၍ရနိုင်မည်ဟု ဆိုထားခဲ့ပါတယ်။ 

“ကလေးငယ်များဟာ Online အသုံးပြုတတ်နေကြပြီး သူတို့ရဲ့ မိသားစုများနဲ့ သူငယ်ချင်းများနဲ့ ဆက်သွယ်လိုကြပြီး ပျော်စရာတစ်ခုခုလုပ်တာပဲဖြစ်ဖြစ် သင်ယူတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်လိုကြပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထိုသို့သင်ယူခြင်း၊ ပျော်စရာများဖန်တီးခြင်းတို့ကို လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုမှာသာ ပြုလုပ်စေလိုကြမှာဖြစ်တဲ့အတွက် ထိုသို့လုံခြုံစွာနဲ့ အသက်အရွယ်နဲ့လျှော်ညီတဲ့နည်းလမ်းမျိုးဖြင့် ကလေးများအနေဖြင့် ထို့သို့ပြုလုပ်နိုင်ကြစေရန်အတွက် ကျွန်ုပ်တို့က ကူညီပေးလိုဖြစ် လက်ရှိလုပ်ငန်းနယ်ပယ်အတွင်း ဖြစ်ပွားလျှက်ရှိနေတဲ့ နည်းပညာဆိုင်ရာပြဿနာတစ်ခုလည်းဖြစ်တဲ့ ကလေးငယ်များအနေဖြင့် app များကို အသုံးပြုနိုင်ရန်အတွက် သူတို့ရဲ့အသက်ကို လိမ်လည်ဖြည့်သွင်းနေခြင်း ကိုလည်း ဖြေရှင်းနိုင်စေမှာဖြစ်ပါတယ်။” ဟူ၍ Social Media ကုမ္ပဏီကြီးက BBC သို့ ပြောကြားခဲ့ပါတယ်။ 

“ကျွန်ုပ်တို့ဖန်တီးပြုလုပ်လိုက်တဲ့အရာတိုင်းဟာ သူတို့ရဲ့လုံခြုံရေးနဲ့ privacy ကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ကြောင်းကိုလည်း ကျွန်ုပ်တို့သဘောပေါက်နားလည်ထားပြီး ကလေးသူငယ်ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူများ၊ ကလေးသူငယ်လုံခြုံရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ privacy လုံခြုံရေးကိုယ်စားလှယ်များနဲ့လည်းတိုင်ပင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အသက် ၁၃ နှစ်အောက်များအတွက် ကျွန်ုပ်တို့ပြုလုပ်မယ့် Instagram app အတွင်းမှာလည်း မည်သို့သောကြော်ငြာများကိုမှ ပြသသွားမှာမဟုတ်ပါဘူး။” ဟူ၍ Facebook မှ ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း ကမ္ဘာတစ်ဝှမ်းရှိ public health advocates များကတော့ Facebook အနေနဲ့ ကလေးငယ်များအတွက် Instagram app ပြုလုပ်မယ့်အစီအစဉ်အား ရပ်တန်းကရပ်စေလိုနေကြပါတယ်။ Commercial-free Childhood အတွက် Campaign တစ်ခုတွင် ရေးသားထားတဲ့စာတစ်စောင်အား အဖွဲ့ပေါင်း ၉၉ ခုမှ ကိုယ်စားလှယ်များလက်မှတ်ထိုးခဲ့ကြပြီး အဆိုပါစာတွင် “ဓါတ်ပုံများကို အလွန်အမင်းစွဲလန်းစေတဲ့” platform ဟာ ကလေးငယ်များရဲ့ ကျန်းမာရေးနဲ့ privacy လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း ပြောကြားထားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။