Facebook put ads in a publicly funded TV network without permission due to coding error

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.1.2021 | Facebook ဘက်မှ Coding အမှားတစ်ခုကြောင့် အစိုးရမှထောက်ပံ့ပေးထားတဲ့ TV network တစ်ခုပေါ်တွင် ခွင့်ပြုချက်မရှိပဲ ကြော်ငြာများကို ပြသမိခဲ့။ 

Danish broadcaster DR ရဲ့ website သို့ Facebook iOS app ပေါ်မှတဆင့် ဝင်ရောက်ခဲ့တဲ့သူများဟာ ခွင့်ပြုချက်မရပဲ ပြသခဲ့တဲ့ third-party ကြော်ငြာများနဲ့တွေ့ကြုံခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါ broadcaster ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ပြောဆိုချက်အရ Facebook ဟာ လက်ရှိအချိန်အထိမှာတော့ အသုံးပြုသူမည်မျှ ထိုသို့တွေ့ကြုံခဲ့ရကြောင်းကို ပြောကြားလာခြင်းမရှိသေးပါဘူး။ 

ထိုအဖြစ်အပျက်ဖြစ်ပွားခဲ့ပြီးနောက်တွင်တော့ Facebook က အဆိုပါအဖြစ်အပျက်ဟာ Coding error တစ်ခုကြောင့်ဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ ဒီအရာကို ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုလာခဲ့သလို အစိုးရမှထောက်ပံ့ပေးထားတဲ့ TV network တစ်ခုရဲ့ website ပေါ်တွင် ခွင့်ပြုချက်မရပဲ ကြော်ငြာများပြသမိခဲ့တဲ့အတွက်ကိုလည်း တောင်းပန်ခဲ့ပါတယ်။ 

DR ကို အစိုးရမှ Licence အခကြေးငွေများပေးကာ ထောက်ပံ့ပေးထားခဲ့တာဖြစ်ပြီး သူတို့ရဲ့ platform ပေါ်တွင် ကြော်ငြာများတင်ခွင့် (လုံးဝ) ပေးထားခြင်းမရှိပါဘူး။ Facebook ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှပြောဆိုချက်အရ “Coding အမှားတစ်ခုကြောင့် အသုံးပြုသူများဟာ site များအကြားကူးလူးသွားလာနိုင်တဲ့ ကြော်ငြာများကို သတင်း content များအကြား Facebook app ပေါ်တွင် တွေ့မြင်ခဲ့ရပါတယ်။” “ဒီအဖြစ်အပျက်ကြောင့် ပေါ်ပေါက်ခဲ့တဲ့အဆင်မပြေမှုများအားလုံးအတွက်ကိုလည်း တောင်းပန်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။