Facebook plans to produce Libra – a cryptocurrency of their own

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.12.2020 | Facebook မှ Libra ဟု ခေါ်တွင်မည့် ကိုယ်ပိုင် Cryptocurrency တစ်ခုကို ထုတ်လုပ်ရန် စီစဉ်လျှက်ရှိ

Financial Times မှ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းများအရ Facebook မှ ကိုယ်ပိုင် digital currency တစ်ခုဖြစ်တဲ့ Libra ကို လာမည့် ဇန်နဝါရီလခန့်တွင် ထုတ်လုပ်ရန်စီစဉ်လျှက်ရှိကြောင်း သိရှိခဲ့ရပါတယ်။ 

Libra ကိုစတင်ထုတ်လွှင့်ပေးနိုင်မယ့် ရက်အတိအကျကိုတော့ သိရှိရခြင်းမရှိသေးပဲ Swiss Financial Market Supervisory Authority ရဲ့ ခွင့်ပြုချက်ကို ပထမဦးဆုံးရယူဖို့အတွက် လိုအပ်နေဆဲဖြစ်ပါတယ်။ သို့သော်လည်း ဒီအရာကို လာမည့် ဇန်နဝါရီလအတွင်း ထုတ်လွှင့်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားနိုင်ကြောင်းသိရှိရပါတယ်။ တစ်ကယ်တန်းတွင် Libra ကို ယခုနှစ် ဇွန်လခန့်တွင် ထုတ်လွှင့်ရမှာဖြစ်သော်လည်း စည်းမျဉ်းစည်းကမ်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် နှောင့်နှေးမှုများရှိခဲ့ရပါတယ်။ 

Libra ဟာ digital currency တစ်ခုအနေနဲ့ operate ပြုလုပ်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာနှင့် အခြားသော နိုင်ငံရပ်ခြားအစိုးရအဖွဲ့များ၏ ငွေကြေးများကိုယ်စား အစားထိုးအသုံးပြုနိုင်မည့်အရာတစ်ခုအဖြစ် အသုံးပြုလာနိုင်ဖွယ်ရာရှိနေပါတယ်။ Facebook မှ organize ပြုလုပ်ထားသော “The Libra Association” ဟု အမည်ရသည့် သီးခြားအဖွဲ့အစည်းတစ်ခုမှ “Libra Token” များကို ကြီးကြပ်မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။