Facebook Messenger takes over Instagram Direct Messages.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.8.2020 | Facebook Messenger ဟာ Instagram Direct Messages ကိုစတင်လွှဲပြောင်းယူခဲ့ 

ပြီးခဲ့တဲ့နှစ်က Facebook ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ကြီးမားတဲ့ messaging ကွန်ယက် ၃ ခုကို ပေါင်းစည်းဖို့ အစီအစဉ်တစ်ရပ်ကို ကြေငြာခဲ့ဖူးပါတယ်။ ဒါကတော့ - WhatsApp, Facebook Messenger နှင့် Instagram Direct တို့ကိုတူညီတဲ့ platform တစ်ခုဖြစ်လာစေဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်သောကြာနေ့က ပထမဦးဆုံးအဆင့်အနေနဲ့ Facebook Messenger ဟာ Instagram Messaging ကိုလွဲပြောင်းယူခဲ့ပါတယ်။ 

ထိုနေ့တွင် - Instagram app pop-up တစ်ခုမှ ပြောကြားခဲ့တာကတော့ “Instagram ပေါ်တွင် Message ပေးပို့ရန်နည်းလမ်းအသစ်တစ်ခုရှိနေပါပြီ” ဟူ၍ ကြေငြာပြောကြားခဲ့ပါတယ်။ Instagram နှင့် Facebook အသုံးပြုသူများအကြား အပြန်အလှန် ဆက်သွယ်နိုင်ခြင်းအပြင် အခြားလုပ်ဆောင်ချက်အသစ်များဖြစ်တဲ့ emoji reaction များ၊ swipe to reply လုပ်ဆောင်ချက်နှင့် ဒီဇိုင်းအသစ်တို့ဖြင့်လည်း ထွက်ပေါ်လာမှာဖြစ်တယ်လို့လည်းကတိပေးပြောကြားခဲ့ပါသေးတယ်။ Instagram ကို update လုပ်လိုက်တာနဲ့ messaging icon ဟာ Facebook Messenger Logo သို့ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ ယခုအချိန်တွင်တော့ ထိုအရာသို့ ပြောင်းလဲဖို့မှာ မဖြစ်မနေပြုလုပ်ရန်မလိုသေးပါဘူး။ 

Facebook ဟာ messaging လုပ်ငန်းနယ်ပယ်တွင် အကြီးမားဆုံးသော အပြိုင်အဆိုင်တစ်ခုအဖြစ်ရပ်တည်နေကာ လစဉ်အသုံးပြုနေသူ ၂ ဘီလျံခန့်ရှိသော WhatsApp နှင့် ၁.၃ ဘီလျံခန့်ရှိသော ဒုတိယ အကြီးဆုံး Facebook Messenger app များကို ပိုင်ဆိုင်ထားပါတယ်။ တတိယနေရာမှ လိုက်ပါလျှက်ရှိနေတာကတော့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုမှပိုင်ဆိုင်ထားတဲ့ WeChat app ဖြစ်ပြီး အသုံးပြုသူပေါင်း ၁.၂ ဘီလျံခန့်ရှိပါတယ်ဟူ၍ Statista မှလေ့လာချက်များအရ သိရှိရပါတယ်။ 

သူတို့အနေနဲ့ ဆက်လက်ပြုလုပ်လာနိုင်တဲ့နောက်ထပ်ခြေလှမ်းကတော့ WhatsApp နှင့် Facebook Messenger တို့ကို ပေါင်းစပ်လိုက်ဖို့ဖြစ်လာနိုင်ပြီး ထိုသို့ပြုလုပ်လိုက်ပါက အသုံးပြုသူပေါင်း ၃.၃ ဘီလျံခန့် ရှိ သော ကမ္ဘာ့လူဦးရေရဲ့ ၄၃% ခန့်ဟာ တူညီတဲ့ messaging ဝန်ဆောင်မှုတစ်ခုတည်းကိုသာ အနာဂါတ်တွင် အသုံးပြုရတော့မှာပဲဖြစ်ပါတယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။