Facebook is putting probation on US political and social groups

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.11.2020 | Facebook မှ အမေရိကန် နိုင်ငံရေးနှင့် လူမှုကွန်ယက် group များကို စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ 

CNET မှ ရေးသားထားသော သတင်းတစ်ပုဒ်အရ နိုဝင်ဘာပထမပတ်အတွင်းတွင် Facebook မှ အမေရိကန်နိုင်ငံအတွင်းရှိ သူတို့ရဲ့ community standard များကို ထပ်တလဲလဲချိုးဖောက်နေသော post များ တင်ထားသော group များကို အမေရိကန်နိုင်ငံ ရွေးကောက်ပွဲကာလအတွင်း သတင်းအမှားများဖြန့်ဝေခြင်း၊ ပျံ့နှံ့ခြင်း မရှိစေရန်အတွက် တားဆီးကာကွယ်ရန် စောင့်ကြည့်ကာလတစ်ရပ်သတ်မှတ်လိုက်ပါတယ်။ 

စည်းမျဉ်းများကိုချိုးဖောက်ခဲ့သော အဆိုပါ အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံရေး၊ လူမှုရေး group များရဲ့ Admin များ၊ moderator များအနေနဲ့ post တစ်ခုစီတိုင်းကို ကိုယ်တိုင် approve ပြုလုပ်ပေးဖို့ လိုအပ်သွားမှာ ဖြစ်ကာ အဆိုပါ manual process ဟာ ရက်ပေါင်း ၆၀ ကြာအထိ သက်ရောက်မှုရှိစေမှာဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်ကိုကျော်လွှားဖို့ တောင်းဆိုလွှာတင်ခြင်း (သို့) ကျော်လွှားဖို့ကိုခွင့်ပြုခြင်းများလည်း ရှိလာမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ 

အကယ်၍ အဆိုပါ manual process စတင်ပြီးနောက်တွင်မှ Facebook အနေနဲ့ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော post များကို ဆက်လက်တွေ့ရှိနေရဦးမယ်ဆိုပါက Facebook မှ အဆိုပါ group များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်းကိုလည်း ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီပေါ်လစီအသစ်ဟာ Washington Post မှ ပထမဦးဆုံးတင်ဆက်ပေးခဲ့တဲ့ သတင်းများအရ သမ္မတမဲဆွယ်မှု campaign တစ်ခုဖြစ်တဲ့ Stop the Steal ဟူ၍ အမည်ပေးထားတဲ့ “ဒီမိုကရက်များက ရီပတ်ဘလစ်ကန်သမ္မတ Donald Trump ရဲ့ သမ္မတဖြစ်ဖို့အခွင့်အရေးကို ခိုးယူနေတယ်” ဆိုတဲ့ သတင်းအမှားနဲ့ စွပ်စွဲချက်များကို ဖြန့်ချီနေသောအဖွဲ့တစ်ခုရဲ့ သတင်းအမှားဖြန့်ချီမှုများကို Facebook, Twitter, YouTube နဲ့ အခြားသော social media site များမှ အတူတကွ တားဆီးလိုက်ရသည့်အဖြစ်အပျက်ကြောင့် စတင်ခဲ့တာပဲ ဖြစ်ပြီး အဆုံးသတ်တွင် Facebook မှ အဆိုပါ group ကို ဖျက်သိမ်းခဲ့ရပါတယ်။  
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။