Facebook is planning to change its company name soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.10.2021 | Facebook မှ ၎င်းတို့ရဲ့ကုမ္ပဏီအမည်ကို မကြာမှီတွင် ပြောင်းလဲရန် စီစဉ်လျှက်ရှိနေ 

လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် Facebook ဟာ ၎င်းတို့လက်ရှိတည်ဆောက်နေတဲ့ Metaverse ကို ပိုမို၍ကောင်းမွန်စွာကိုယ်စားပြုနိုင်ရန်အတွက် ကုမ္ပဏီအမည်ကို ပြောင်းလဲမှုပြုလုပ်သွားရန် စီစဉ်လျှက်ရှိနေကြောင်းကို အဆိုပါကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့သူတစ်ဦးမှ The Verge သို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

CEO Mark Zukerberg အနေနဲ့ အဆိုပါပြောင်းလဲမှုကို ကုမ္ပဏီရဲ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် Annual Connect Conference တွင် အသေးစိတ်ပြောဆိုသွားဖို့ စီစဉ်ထားသော်လည်း ထို့ထက်စော၍လည်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း “လာမည့်နှစ်အနည်းငယ်အတွင်းမှာ အသုံးပြုသူများအနေနဲ့ ကျွန်ုပ်တို့ရဲ့ ကုမ္ပဏီကို social media ကုမ္ပဏီတစ်ခုအဖြစ် အဓိကရှုမြင်ကြခြင်းအား metaverse ကုမ္ပဏီအဖြစ် ရှုမြင်လာကြစေရန် ပြောင်းလဲမှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟူ၍ Mark မှ The Verge သို့ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။