Facebook is Launching Initial Testing of Ads in VR Environment

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.6.2021 | VR တွင် ကြော်ငြာများထည့်သွင်းနိုင်ရန်အတွက် Facebook မှ ကနဦးစမ်းသပ်မှုများကို ပြုလုပ်လျှက်ရှိ 

Facebook ဟာ VR အား ဆိုရှယ်မီဒီယာနည်းလမ်းအရ ဆက်သွယ်ချိတ်ဆက်မှုများပြုလုပ်ခြင်းရဲ့ နောက်ထပ်တစ်ဆင့်အနေနဲ့ မှတ်ယူထားလျှက်ရှိနေပြီး ပိုမို၍ စိတ်ရောကိုယ်ပါနှစ်မြှုပ်ခံစားနိုင်ပြီး စိတ်ဝင်စားစေနိုင်မည့် နည်းလမ်းများဖြင့် အသုံးပြုသူများအနေနဲ့ ဆက်သွယ်ချိတ်ဆက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းများကို အပြည့်အဝလှုံ့ဆော်နိုင်မည့် ပတ်ဝန်းကျင်တစ်ခုအတွင်း ပြုလုပ်နိုင်စေရန်အတွက်ကို စီစဉ်လျှက်ရှိနေပါတယ်။ 

VR လုပ်ငန်းအား တိုးတက်အောင်ဆောင်ရွက်နိုင်ဖို့ Facebook တွင် ငွေကြေးလည်ပတ်စီးဆင်းမှုအတွက် ရှင်းလင်းတိကျတဲ့ နည်းဗျူဟာလည်းရှိနေဖို့လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ platform အသစ်အား ဖန်တီးတည်ဆောက်ခြင်းဟာ ရင်းနှီးမြှုပ်နှံမှုအတော်များများကို ပြုလုပ်ရန်လိုအပ်မှာဖြစ်တဲ့အတွက် Facebook အနေနဲ့လည်း ထိုအချက်ကို ထည့်သွင်းစဉ်းစားဖို့လိုအပ်နေပါတယ်။ 

ဒီအတွက်ကြောင့်လည်း Facebook ဟာ VR ကမ္ဘာအတွင်း ကြော်ငြာများထည့်သွင်းနိုင်စေမည့်နည်းလမ်းများကို ရှာဖွေလျှက်ရှိနေပြီဖြစ်ပြီး စမ်းသပ်မှုများကို အကန့်အသက်ဖြင့် ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။