Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Facebook ဟာ Hardware Industry အတွင်းသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လျှက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော Business Insider မှ သတင်းများအရ Smartwatch တစ်လုံးကို ထုတ်လုပ်သွားဖို့ရှိကာ ၂၀၂၂ ခုနှစ်အတွင်း စတင်ဖြန့်ချီသွားဖို့ရှိကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါ Smartwatch တွင် Faebook နဲ့ ဆက်နွယ်ပတ်သက်လျှက်ရှိသော app များအနေနဲ့ တစ်ခုမှတစ်ခုသို့ message များပေးပို့နိုင်ရန်အတွက်နှင့် ဆက်စပ်လျှက်ရှိသော လုပ်ဆောင်ချက်များကို ဦးစားပေးထည့်သွင်းသွားမှာ ဖြစ်သလို၊ Peloton ကဲ့သို့သော ကုမ္ပဏီများမှ Health & fitness ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်ရန်လည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းများအရ သိရှိခဲ့ရပါတယ်။
Facebook watch ဟာ အင်တာနက်ကို cellular connection မှတဆင့် ရယူချိတ်ဆက်နိုင်မှာဖြစ်တဲ့အတွက် smartphone များနှင့် pair လုပ်စရာမလိုပဲ သီးသန့်အသုံးပြုသွားနိုင်မှာဖြစ်ပြီး Google ရဲ့ Android open-source version ဖြင့်ထွက်ရှိလာမှာဖြစ်ပါတယ်။ သို့သော်လည်း ရရှိခဲ့တဲ့သတင်းများအရ Facebook အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် operating system တစ်ခုကိုလည် တဖြည်းဖြည်းတည်ဆောက်သွားဖို့ရှိနေကြောင်းကိုလည်း သိရှိခဲ့ရပါသေးတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။