Facebook is adding end-to-end encryption to voice and video calls in Messenger

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.8.2021 | Messenger အတွင်းရှိ အသံနှင့် video call ခေါ်ဆိုမှုများအတွက် end-to-end encryption ကို Facebook မှ ထည့်သွင်းပေးလျှက်ရှိ 

Facebook ဟာ Messenger အတွင်းရှိ အသံနှင့် video call များပြုလုပ်ခြင်းကိုလည်း end-to-end encryption ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်းကို Facebook ရဲ့ disappearing message အတွက် control အသစ်များထည့်သွင်းထားတဲ့အကြောင်းကြေငြာမှုပြုလုပ်ရင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် ကြေငြာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အချို့သော အသုံးပြုသူများအနေနဲ့ encryption နဲ့ သက်ဆိုင်တဲ့ အခြားသော စမ်းသပ်လုပ်ဆောင်ချက်အသစ်များကိုလည်းတွေ့မြင်လာရနိုင်ပါတယ်။ 

Facebook Messenger အတွင်းသို့ ၂၀၁၆ ခုနှစ်တွင် “secret conversation” option ကို ထည့်သွင်းရင်း အဆိုပါ option အတွက် end-to-end encryption ကို တစ်ပါတည်းထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ယခုအခါ အဆိုပါလုပ်ဆောင်ချက်ဟာ ဖုန်းခေါ်ဆိုမှုများကိုလည်း support ပြုလုပ်ပေးနိုင်ပြီဖြစ်ပြီး Facebook ရဲ့ပြောဆိုချက်အရ အသံနှင့် video call များအသုံးပြုခြင်းကို စိတ်ဝင်စားမှုမြင့်တက်လာကြတဲ့အတွက် ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ 

ယခုအခါ မှတ်တမ်းများအရ Messenger အတွင်း တစ်နေ့လျှင် video call ပြုလုပ်မှုပေါင်း သန်း ၁၅၀ ကျော်ခန့် ရှိနေကြောင်း သိရှိရပြီး Facebook မှ E2EE လုပ်ဆောင်ချက်ဟာ “Messaging ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်အတွင်း စံနှုန်းတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပြီဟူ၍” ဆိုထားခဲ့ပါတယ်။ ယခုအခါ အခြားသော video calling app များဖြစ်တဲ့ Zoom, Signal နှင့် Apple Face Time တို့တွင်လည်း အဆိုပါ E2EE လုပ်ဆောင်ချက်ကို ထည့်သွင်းအသုံးပြုလျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။