Facebook has added information from Wikipedia to the search

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.6.2020 | Facebook ဟာ Wikipedia မှသတင်းအချက်အလက်များကို search ပေါ်တွင်ထည့်သွင်းခဲ့

Facebook ဟာ လုပ်ဆောင်ချက်တစ်ခုကိုစမ်းသပ်လျှက်ရှိပြီး ထိုအရာကြောင့် သူတို့ရဲ့လူမှုကွန် ယက်ပေါ်မှအချက်အလက်များအပြင် Wikipedia မှ သတင်းအချက်အလက်များကိုဖော်ပြပေးမည့် box တစ်ခုကိုလည်း အကြောင်းအရာတစ်ခုကိုရှာဖွေလိုက်သည့်အခါတွင် တွေ့မြင်နိုင်တော့မှာပဲဖြစ် ပါတယ်။

ဒီလူမှုကွန်ယက်ဖြစ်တဲ့ Facebook ဟာ အသုံးပြုသူများကို သူတို့ရဲ့ site ပေါ်တွင်သာရှိနေစေဖို့ အတွက် အစွမ်းကုန်ကြိုးပမ်းလျှက်ရှိနေပြီး ယခုအခါတွင် အခြေခံကျသောသတင်းအချက်အလက် များကိုရွေးချယ်ပြီးလေ့လာသင်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။ သင်ဟာ Facebook ပေါ်မှ အခြား ဘယ်နေရာကိုမှ click ပြုလုပ်စရာမလိုပဲ အရာရာတိုင်းကိုရှာဖွေနိုင်တော့မှာပဲဖြစ်ပါတယ်။

ဒီ search results များပေါ်တွင် ပေါ်လာမည့် info box ဟာ Google ပေါ်ရှိ knowledge bar ကဲ့ သို့လုပ်ဆောင်ပေးမှာဖြစ်ပြီး ထိုနေရာတွင် Wikipedia ပေါ်တွင်ရှိတဲ့ ကျော်ကြားသူများ၊ ရုပ်ရှင်များ (သို့) စိတ်ဝင်စားဖွယ်ကောင်းတဲ့နေရာများအကြောင်း အတိုချုံးဖော်ပြချက်များကို ရှာဖွေနိုင်တော့မှာ ပဲဖြစ်ပါတယ်။

ဒီတီထွင်မှုအသစ်ကို Facebook ဟာစမ်းသပ်လျှက်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်၊ သို့သော်လည်း သတ်မှတ်ရွေးချယ်ထားတဲ့အသုံးပြုသူများကသာ ထိုအရာကိုမြင်တွေ့နိုင်ဦးမှာပဲဖြစ်ပါတယ်။ အများ အားဖြင့် desktop နဲ့ iOS ဗားရှင်းများတွင် အင်္ဂလိပ်ဘာသာနဲ့ရှာဖွေခြင်းကိုသာရရှိနိုင်ဦးမှာပါ။ 

သို့သော်လည်း Facebook ဟာ ဒီအချက်အလက်များကို ဘယ်လိုဖော်ပြ၊ ပြသပေးသွားမလဲဆိုတာ ကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။ နောက်ပြီးထိုအရာက ရာနှုန်းပြည့် အလုပ်လုပ်နိုင်ဦးမှာ တော့မဟုတ်ပါဘူး။ သင့်အနေနဲ့ အကြောင်းအရာအားလုံးအတွက် panel များကိုတွေ့မြင်နိုင်ဦးမှာ မဟုတ်ပဲ အခြားသောမူကွဲစကားလုံးများကိုအသုံးပြုကာရှာဖွေရန် လိုအပ်ကောင်းလိုအပ်နိုင်ပါလိမ့် မယ်။ ထို့ကြောင့်ဒီလူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook က ဒီလုပ်ဆောင်ချက်ကိုပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသရွေ့တော့ Google ကိုသာ အသုံးပြုပြီး သတင်းအချက်အလက်များကိုရှာဖွေလေ့လာခြင်းက ပိုကောင်းပါလိမ့်မယ်။

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။