Facebook enters group video conferences, launches Messenger Rooms

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.5.2020 | Group Video Conferences ဝန်ဆောင်မှုတွေမှာ Facebook ပါဝင်လာ Messenger Rooms တွေကို စတင်မိတ်ဆက်

Facebook အကောင့်မရှိသူတွေလည်း Video Conference တွေမှာ ပါဝင်နိုင် မှာဖြစ်ပေမယ့် Video Conference တစ်ခုကို Set Up လုပ်တဲ့ Users(အသုံးပြုသူ) တွေဘဲ အခုလို Facebook Account မရှိဘဲ ပါဝင်နိုင်မှာဖြစ်ပါတယ်။ သတင်းထုတ်ပြန် ချက်တစ်ခုမှာ  Facebook Messenger Rooms အကြောင်းကို ထုတ်ဖော်ကြော်ငြာခဲ့ ပါတယ်။
Facebook newsfeeds ၊ groups တွေနဲ့ Events တွေမှာ Chat rooms တွေကို Share ထားလို့ရနိုင်မှာဖြစ်ပါတယ်။ အနာဂါတ်မှာ Instagram သို့မဟုတ် Whatsapp မှတဆင့် Video Conference တွေ Set Up လုပ်လို့ရနိုင်လိမ့်မယ်လို့ ကုမ္ပဏီမှ ကတိပေးပြော ကြားခဲ့ပါတယ်။ Messenger အသုံးပြုသူတွေအနေနဲ့ Filters အမျိုးမျိုး ၊ AR အထူးပြုလုပ်ချက် (Effects) တွေနဲ့ 360-degree Backgrounds တွေကိုလည်း အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။
Room ကို ဖန်တီးတဲ့ User ဟာ Video Chat ကို ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ အဲ့ဒီ User ဟာ အခြားဘယ်သူမှ Room ထဲကို ဝင်မလာဖို့အတွက် Lock လုပ်ထားလို့ရပါလိမ့်မယ်။ ဒါ့အပြင် သူဟာ Room မှာ ပါဝင်သူတွေကို ထုတ်ပစ်နိုင်သလို Room ကို ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားသူ တွေကိုလည်း Facebookကို လှမ်းပြီး Report တင်နိုင်မှာဖြစ်ပါတယ်။
Rooms တွေဟာ Messenger လိုတော့ end-to-end encryption တွေရှိမှာ မဟုတ်ပါဘူး။ သို့သော် Facebook က Rooms မှာ ပြောထားတဲ့အကြောင်းအရာ တွေကို နောက်ယောင်ခံမကြည့်ဖို့ (Followမလုပ်ဖို့) အတွက် ကတိပေးထားပါတယ်။ ဒါပေမယ့် Fackbook ရဲ့ အခြားဝန်ဆောင်မှုတွေနည်းတူ ကြော်ငြာတွေအတွက် အသုံးပြုဖို့နဲ့ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်ဖို့အတွက် သုံးစွဲသူအမူအကျင့် (user behavior) တွေနဲ့ ပတ်သက်တဲ့ data တွေကိုတော့ သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Rooms ထဲမှာတော့ ကြော်ငြာတွေ တိုက်ရိုက်ပြသခြင်းမျိုးပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ကုမ္ပဏီမှာ ကတိပေးပြောကြားခဲ့ပါတယ်။

Unicode



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။