Facebook Dating feature has come out for 32 European Countries

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.11.2020 | ဥရောပ ၃၂ နိုင်ငံအတွက် Facebook Dating ထွက်ရှိလာခဲ့ပြီ 

Facebook Dating ဟာ February 13 ရက်နေ့တွင် ထွက်ရှိလာရမှာဖြစ်သော်လည်း Facebook ကို ကြီးကြပ်စောင့်ကြည့်မှုပြုလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ireland Data Protecting Commissioner (DPC) မှ မေးခွန်းထုတ်ခဲ့သော ပြဿနာရပ်များကြောင့် ထွက်ရှိမည့်ရက်ကို နောက်သို့ရွှေ့ဆိုင်းခဲ့ရပေမယ့် ယခုအခါမှာတော့ ဥရောပနိုင်ငံ ၃၂ နိုင်ငံအတွက် ထွက်ရှိ၍လာခဲ့ပြီပဲဖြစ်ပါတယ်။ 

အဆိုပါ စည်းကမ်းထိန်းသိမ်းသူအဖွဲ့မှပြောဆိုချက်များအရ ယခုဆိုရင်တော့ Facebook ဟာ dating feature အတွက် ကိုယ်ရေးအချက်အလက်များကို ဘယ်လိုကိုင်တွယ်ထိန်းသိမ်းသွားမလဲဆိုတာနဲ့ ပတ်သက်ပြီး “အသေးစိတ်ကျတဲ့ ရှင်းလင်းမှုများကို” ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့တဲ့ launch event တွင် dating service ရဲ့ product manager ဖြစ်သူ Kate Orseth က ဒီလုပ်ဆောင်ချက် (feature) ဟာ “ပိုမိုများပြားတဲ့သူများကို သူတို့ရဲ့ တူညီတဲ့အရာများဖြစ်တဲ့ စိတ်ဝင်စားမှုများ၊ event များနဲ့ group များအပေါ်မူတည်၍ အဓိပ္ပါယ်ပြည့်ဝသော relationship များတည်ဆောက်နိုင်စေရန်အတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။