Facebook bought Giphy service for 400 mil. USD

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.5.2020 | Facebook မှ Giphy ဝန်ဆောင်မှုကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် ဝယ်ယူခဲ့ပါတယ်။ 

Facebook မှ Giphy ရဲ့ လှုပ်ရှားနေတဲ့ ဓါတ်ပုံများကို ဖန်တီးခြင်းနှင့် မျှဝေခြင်းတို့ကိုပြုလုပ်ပေးတဲ့ဝန်ဆောင်မှု ကို ဝယ်ယူခဲ့ပါတယ်။ 

Facebook မှ အဆိုပါ သဘောတူညီချက်ရဲ့ ငွေရေးကြေးရေးကိစ္စတွေကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။ သို့ သော်လည်း သူ့ရဲ့တန်ဖိုးဟာ ဒေါ်လာသန်းရာနဲ့ချီပြီးရှိနေပါတယ်။ 

ယခုအခါတွင် Facebook ဟာ Giphy ကို Instagram လူမှုကွန်ယက်သို့ ပေါင်းစပ်ထည့်သွင်းနိုင်ရန် ကြံဆလျှက်ရှိပါတယ်။ သူက အခြားသော platform များတွင်လည်း animated images (လှုပ်ရှား မှုရှိသောဓါတ်ပုံများ) ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ 

“Giphy ဟာ သူ့ရဲ့ဓါတ်ပုံတွေသိမ်းဆည်းထားတဲ့နေရာ (picture library) ကိုဆက်လက်ဖွင့်လှစ်ထား မှာဖြစ်ပြီး လူတို့ (အသုံးပြုသူတွေ) ဟာ GIF ရုပ်ပုံတွေကို နဂိုအတိုင်း ဆက်လက်ပြီး download ပြု လုပ်နိုင်မှာဖြစ်ပါတယ်“ ဟူ၍ Facebook မှ ပြောကြားခဲ့ပါတယ်။ 

အသုံးပြုသူများဟာ အင်တာနက်ပေါ်ကစကားဝိုင်းများတွင် gif များကို မကြာခဏအသုံးပြုကြပါတယ်။ သူတို့ဟာ တစ်ယောက်ခြင်းစီရဲ့ ခံစားမှုတွေကို တီထွင်ဆန်းသစ်သောနည်းလမ်းတွေနဲ့ဖော်ပြမှုကို အားပေးပါတယ်။ ထို့ကြောင့် သူတို့ဟာ ဒီဝန်ဆောင်မှုရဲ့နည်းပညာကိုဆက်လက်ပြီးရင်းနှီးမြှုပ်နှံသွားကာ တိုးတက်စေရန်လုပ် ဆောင်သွားမှာဖြစ်တယ်လို့ Facebook မှ ပြောကြားခဲ့ပါတယ်။ 

 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။