Facebook announces new policies to protect public figures from mass harassment

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.10.2021 | Facebook မှ public figure များကို အဖွဲ့လိုက် harassment ပြုလုပ်ခြင်းမှ အကာအကွယ်ပေးနိုင်ရန် policy စည်းမျဉ်းအသစ်များအား ကြေငြာချက်ထုတ်ပြန် 

Facebook ဟာ Public Figure များကို harassment ပြုလုပ်ခြင်းမှ အကာအကွယ်ပေးနိုင်ရန်အတွက် harassment ပြုလုပ်သည်ဟု အကြုံးဝင်စေမည့် လုပ်ရပ်များကို တိုးချဲ့သတ်မှတ်ခဲ့ပြီး ထင်မှတ်မထားပဲ ထိုသို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ရတဲ့သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ပါတယ်။ 

ပထမဦးစွာအနေနဲ့ Facebook ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမဆို “အစုအဖွဲ့လိုက် ဝိုင်းဝန်းတိုက်ခိုက်ခြင်း” မှ ပိုမို၍အကာအကွယ်ပေးနိုင်စေရန်နည်းလမ်းများကို အဖြေရှာခဲ့ပြီးနောက် ဒီကဲ့သို့သောအဖြစ်အပျက်များဟာ လိုအပ်သည်ထက်ပိုလာတာကို Facebook မှ detect ဖြစ်တဲ့အခါတွင် ပစ်မှတ်ထားခံရသူအား လုံခြုံမှုပေးနိုင်ရန် နည်းလမ်းများကိုလည်း ရှာဖွေလျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

Facebook ကတော့ “ကျွန်ုပ်တို့အနေနဲ့ လူတစ်ဦးတစ်ယောက်ကို ပစ်မှတ်ထား၍ အစုအဖွဲ့လိုက် harass ပြုလုပ်ခြင်းဟာ ပြင်ပတွင်လည်း အန္တရာယ်ပြုလာနိုင်ခြေ မြင့်တက်လာနိုင်တဲ့အတွက် ဥပမာအားဖြင့် - ဆိုးရွားတဲ့အဖြစ်အပျက်များကို တွေ့ကြုံခံစားခဲ့ရသူများအပေါ် harassment ပြုလုပ်ပုံပေါ်သည့် content များကို အကယ်၍ ၎င်းတို့က ကျွန်ုပ်တို့ရဲ့ policy များကို ချိုးဖောက်မှုမရှိရင်တောင်မှ ဖယ်ရှားမှုပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့အနေနဲ့ အခြားသူတစ်ဦးတစ်ယောက်အပေါ် အစုလိုက်အဖွဲ့လိုက် harassment ပြုလုပ်နေတယ်လို့ယူဆရတဲ့ ကသိကအောက်ဖြစ်စေမယ့်၊ စော်ကားပုံပေါက်တဲ့ content များကိုလည်း အဆိုပါ harassment ပြုလုပ်တယ်လို့ ယူဆရသူများရဲ့ ကိုယ်ပိုင်နေရာများဖြစ်တဲ့ direct message များ၊ inbox နှင့် comment များ၊ personal profiles များနှင့် post များမှ ဖယ်ရှားမှုများပြုလုပ်သွားမှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။