Facebook announced to stop using their facial recognition software

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.11.2021 | Facebook မှ ၎င်းတို့ရဲ့ မျက်နှာသွင်ပြင်လက္ခဏာကို ဖတ်ရှုမှတ်သားနိုင်သည့် software အား အသုံးပြုမှုရပ်ဆိုင်းတော့မည်ဟု ကြေငြာချက်ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် Facebook ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်တဲ့ Meta Platforms Inc (ယခင် Facebook Inc) မှ ၎င်းတို့ရဲ့ “Face Recognition” စနစ်ကို အသုံးပြုနေခြင်းအား လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားတော့မှာဖြစ်ကြောင်း blog post တစ်ခုပေါ်မှတဆင့် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။

Meta Platforms Inc မှ ၎င်းတို့အနေနဲ့ “အဆိုပါ facial recognition စနစ်ကိုအသုံးပြုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပိုမိုကြီးထွားလာလျှက်ရှိနေတဲ့ လူမှုရေးဆိုင်ရာပြဿနာများနဲ့ နှိုင်းယှဉ်စဉ်းစားဖို့ လိုအပ်နေပြီဖြစ်ပြီး အထူးသဖြင့် အာဏာပိုင်များဘက်မှ အဆိုပါနည်းပညာနဲ့ပတ်သက်ပြီး အသုံးပြုနိုင်ဖို့ရာအတွက် တိကျတဲ့ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ထားနိုင်ခြင်းမရှိသေးတဲ့အတွက် facial recognition နည်းပညာကို အသုံးပြုခြင်းမှ ရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

Facebook ရဲ့ platform ပေါ်တွင် ယခင်က ၎င်းတို့ရဲ့ ဓါတ်ပုံများနဲ့ video များတွင် မည်သည့်သူများကို tag ပြုလုပ်သင့်သလဲဆိုသည်အား အကြံပြုနိုင်ဖို့အတွက်နှင့် အသုံးပြုသူတစ်ဦးရဲ့ ဓါတ်ပုံတစ်ပုံပုံကို အခြားသော အသုံးပြုသူတစ်ဦးမှ upload ပြုလုပ်လိုက်တဲ့အခါ ကာယကံရှင်ထံသို့ အသိပေးနိုင်ရန်အတွက် ယခင်ကတည်းက အသုံးပြုနေခဲ့တာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအပြောင်းအလဲကြောင်း ယခုအခါ ဒီ Face Recognition setting ကို ခွင့်ပြုထားတဲ့ user များရဲ့ facial recognition template များကို delete ပြုလုပ်သွားတော့မှာဖြစ်ပြီး ၎င်းတို့ရဲ့ဓါတ်ပုံနှင့် video များ အခြားသောတစ်နေရာတွင် ပါဝင်နေမှုရှိ/ မရှိကို memory များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများပေါ်တွင် ရှာဖွေပေးနိုင်တော့မှာမဟုတ်တော့တဲ့အပြင် Facebook ကို အသုံးပြုနေသူများအနေနဲ့ tag ပြုလုပ်ဖို့ အကြံပြုချက်များကိုတွေ့မြင်ရတော့မှာမဟုတ်သလို suggested tagging လုပ်ဆောင်ချက်ကိုလည်း ဖွင့်လှစ်၍ရမှာမဟုတ်တော့ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။