Facebook announced the addition of new features into Business Suite

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.4.2021 | Facebook မှ Business Suite အတွင်းသို့ လုပ်ဆောင်ချက်အသစ်များကိုထည့်သွင်းပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာ

ဧပြီလ ၁၅ ရက်နေ့တွင် Facebook မှ သူတို့ရဲ့ Business Suite management platform ပေါ်သို့ လုပ်ဆောင်ချက်အသစ်များထပ်မံထည့်သွင်းခဲ့ကြောင်းကြေငြာခဲ့ပါတယ်။ အဆိုပါလုပ်ဆောင်ချက်အသစ်များတွင် Facebook နှင့် Instagram နှစ်ခုစလုံးအတွက် Story များကို အချိန်သတ်မှတ်၍ schedule ပြုလုပ်နိုင်မည့်လုပ်ဆောင်ချက်လည်း ပါဝင်လာသလို News Feed ပေါ်တွင် လုပ်ငန်းများကို ရှာဖွေတွေ့ရှိနိုင်စေမည့် လုပ်ငန်းစဉ်အသစ်တစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Facebook ရဲ့ နောက်ဆုံးပေါ် လုပ်ငန်းစီမံခန့်ခွဲရေး platform တစ်ခုဖြစ်တဲ့ Business Suite ပေါ်တွင် user များအနေဖြင့် Facebook နှင့် Instagram story များကို ကြိုတင်စီမံ၍ schedule ပြုလုပ်ပေးနိုင်မည့်လုပ်ဆောင်ချက်တစ်ခုကိုထည့်သွင်းပေးခဲ့ပါတယ်။ ပြီးနောက်တွင်တော့ သင့်အနေနဲ့ schedule ပြုလုပ်ထားတဲ့ post များအားလုံးကို Business Suite app ရဲ့ content calendar ပေါ်ကနေတဆင့် တွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။

ထိုအရာအပြင် Facebook မှ News Feed ပေါ်ရှိ post များအောက်တွင်ပေါ်လာလေ့ရှိသော related Page recommendations မှတဆင့် လုပ်ငန်းများကိုရှာဖွေတွေ့မြင်နိုင်စေမည့်အချက်အသစ်အချို့ကိုလည်းထည့်သွင်းပေးခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။