Facebook and Instagram are going to show even more posts from accounts you don’t follow

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.8.2022 | Facebook နှင့် Instagram တို့တွင် မိမိတို့ Follow ပြုလုပ်ထားခြင်းမရှိသော အကောင့်များမှ content များကို ပိုမို၍ တွေ့မြင်လာရနိုင်ဖွယ်ရာရှိနေ 

Meta ရဲ့ CEO Mark Zuckerberg က ၂၀၂၃ ခုနှစ်ကုန် မတိုင်မှီတွင် Instagram နှင့် Facebook တို့ကို အသုံးပြုစဉ်အတွင်း ၎င်းတို့အနေနဲ့ recommended account များမှ content များကို လူအများတွေ့မြင်ရတဲ့နှုန်းအား (၂) ဆထက်ပို၍ တိုးမြှင့်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ ဒီ recommendation များဟာ လက်ရှိမှာ Facebook ပေါ်ရှိ content များရဲ့ 15 ရာခိုင်နှုန်းသာရှိပြီး Instagram မှာတော့ ဒီပမာဏထက်ပိုမိုများပြားနေပြီးသားဖြစ်တယ်လို့ သိရှိရပါတယ်။ 

ဒါဟာ Zuckerberg ရဲ့ အခေါ်အရ "ရှာဖွေရေးအင်ဂျင်" တစ်ခုကိုတည်ဆောက်ခြင်းဖြစ်ပြီး၊ ဒီကဲ့သို့ လုပ်ဆောင်ခြင်းဟာ Facebook နဲ့ Instagram တို့တွင် ယခင်က အသုံးပြုသူရဲ့ သူငယ်ချင်းများနဲ့ လူမှုပတ်ဝန်းကျင်ရှိ post များကိုသာ အဓိကထား၍ ပြသမှုမှ လုံးဝကွဲလွဲထွက်နေတဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ 

ဒီအပြောင်းလဲဟာ TikTok ရဲ့ AI ကို များစွာအသုံးပြု၍ မည်သည့်နေရာရှိသူများထံသို့မဆို video များကို ပြသပေးနေတဲ့ ပုံစံနှင့်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြုလုပ်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ TikTok ရဲ့ ဒီကဲ့သို့ပြုလုပ်ပုံကြောင့်လည်း ၎င်းတို့ဟာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး app တစ်ခုအဖြစ် မြန်ဆန်စွာ ရောက်ရှိလာခဲ့ပြီး creator အသစ်တစ်ခုလုံးကို လျှင်မြန်စွာ ပေါ်ပေါက်လာစေခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။