Facebook Adds Labels for Some Posts as Advertisers Pull Back

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.7.2020 | Facebook ဟာ အချို့သော post များအတွက် label များကိုထည့်သွင်းခဲ့ပြီးနောက် ကြော်ငြာသူများ ဟာ နောက်ဆုတ်ခဲ့ပါတယ်။ 

မဲဆန္ဒပေးမှုများအတွက် post များဟာ ကြည့်ရှုသူများကို တိကျတဲ့သတင်းအချက်အလက်များဆီသို့ လမ်းညွှန်ပေးသွားမှာဖြစ်ပြီး အရေးပါတဲ့ နိုင်ငံရေးလှုပ်ရှားသူများရဲ့ စည်းကမ်းချိုးဖောက်မှုများကို “သတင်းအဖြစ်ဖော်ပြသွားရန်ထိုက်တန်သည်“ ဟု သတ်မှတ်သွားမှာဖြစ်ပါတယ်။ 

၎င်းတို့ရဲ့ လူမှုကွန်ယက်ဟာ hateful speech များနဲ့ပက်သတ်ပြီးရှိနေတဲ့ပြဿနာများအကြောင်း ၎င်းတို့ဆီတွင် အများဆုံး ကြော်ငြာမှုပြုလုပ်နေသူများက အသိပေးပြောဆိုမှုများဟာ တစ်စထက် တစ်စပိုမိုကျယ်လောင်လာသည်နှင့်အမျှ Facebook ဟာ သူတို့ရဲ့ site ပေါ်ရှိပြဿနာရှိတဲ့ နိုင်ငံရေး ပို့စ်များကို ပိုမိုနားလည်နိုင်ရန် သတင်းအချက်အလက်များထပ်မံထည့်သွင်းပေးတဲ့လုပ်ဆောင်ချက် ကို သောကြာနေ့ကစတင်ကာလုပ်ဆောင်ခဲ့ပါတယ်။ 

Facebook က သူတို့ဟာ မဲဆန္ဒခံယူခြင်းအတွက်ခေါင်းစဉ်များဆွေးနွေးနိုင်မည့် label များကို သူတို့ရဲ့ network ပေါ်ရှိ ပို့စ်များအားလုံးတွင်ထည့်သွင်းသွားမှာဖြစ်ပြီး နိုဝင်ဘာလရွေးကောက်ပွဲ တွင် မဲဆန္ဒပေးသူများရဲ့ အခွင့်အရေးများကိုကာကွယ်နိုင်ရန်အတွက်လုပ်ဆောင်သွားမည်ဟုပြောဆို ခဲ့ပါတယ်။ ဒီ label များဟာ အသုံးပြုသူများကို တိကျတဲ့မဲဆန္ဒပေးခြင်းအတွက်အချက်အလက်များ ထံသို့ လမ်းညွှန်ပေးနိုင်မှာဖြစ်တယ်လို့ အဆိုပါကုမ္ပဏီကပြောဆိုခဲ့ပါတယ်။ 

ထို့အပြင်၊ Facebook က သူတို့ရဲ့ hate speech နဲ့ပက်သတ်တဲ့ ပေါ်လစီများနဲ့ပတ်သက်ပြီး ချဲ့ထွင် သွားရန်လည်းရှိနေပြီး ၎င်းတို့ရဲ့ site ပေါ်ရှိ ad များတွင် ပိုမိုများပြားသောခေါင်းစဉ်များ အောက်က hateful language များကို တားမြစ်မှုများပြုလုပ်သွားမည်ဟုဆိုခဲ့ပါတယ်။ နိုင်ငံရေးအရ အရေးပါ တဲ့ပုဂ္ဂိုလ်တစ်ဦးဦး (ဥပမာ - သမ္မတ Trump) ထံမှ Facebook ရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီမှုမရှိတဲ့ပို့စ်များဟာ “သတင်းအဖြစ်ဖော်ပြခံရဖို့ထိုက်တန်သည်“ ဟုယူဆကာ ဆက် လက်တည်ရှိနေနိုင်မှာဖြစ်တယ်လို့ အဆိုပါကုမ္ပဏီကပြောဆိုခဲ့ပါတယ်။ 

Facebook ဟာလည်း Mr.Trump ရဲ့ ဂယက်ထစေတဲ့ပို့စ်တွေကြောင့် ကုမ္ပဏီအတွင်းတွင် မကျေ နပ်မှုများစွာကိုကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဝန်ထမ်းများဟာ ဒီလအတွင်း Mr. Zukerberg ရဲ့  ဒီပို့စ်တွေကိုဆက်လက်တည်ရှိနေဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မကျေနပ်တဲ့အတွက် သပိတ်မှောက် သည့်အနေနဲ့ အလုပ်မလုပ်ပဲ ဆန္ဒပြခဲ့ကြပါတယ်။ ကုမ္ပဏီရှိ ကာလကြာပြီဖြစ်တဲ့ဝန်ထမ်းများက တော့ ထိုအလုပ်အမှုဆောင်ချုပ်ကို သူ့ရဲ့ဆုံးဖြတ်ချက်အားပြင်ဆင်ပေးဖို့အတွက် ပွင့်ပွင့်လင်းလင်း စာပေးပို့ကာတောင်းဆိုခဲ့ကြတယ်လို့လဲ သိရှိရပါတယ်။ 

Mr. Zukerberg ကတော့ သူနဲ့ သူတို့ရဲ့ policy team ဟာ ကုမ္ပဏီရဲ့စည်းမျဉ်းများကို ပြန်လည်စစ် ဆေးမှုတွေပြုလုပ်ပေးမယ်လို့ ဆိုခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကိုမူ ပြင်ဆင်ပေးခြင်းမရှိခဲ့ပါဘူး။ 

ထိုအချိန်မှစပြီး Facebook ဟာ hateful speech များကိုဖျက်ချရန်မလုပ်သော်လည်း လူတွေကို ထိုကဲ့သို့သောပို့စ်တွေအတွက်ရွေးချယ်မှုပြုလုပ်နိုင်ရန် option များပေးထားဖို့အတွက် ပြောင်းလဲမှု များကိုပြုလုပ်ခဲ့ပါတယ်။ အဆိုပါကုမ္ပဏီက သူတို့ဟာ အမေရိကန်နိုင်ငံရှိလူများကို ဥပမာအားဖြင့် - လူမှုရေးဆိုင်ရာ ပြဿနာများ၊ ကိုယ်စားလှယ်လောင်းများနဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မတီများမှ သူတို့ရဲ့ Facebook (သို့) Instagram စာမျက်နှာများတွင်ရေးသားထားသည့် ရွေးကောက်ပွဲ (သို့) နိုင်ငံရေးကြော်ငြာစာ များကို တွေ့မြင်နိုင်ဖို့/ မမြင်နိုင်ဖို့ရွေးချယ်ခွင့်ပေးသွားမယ်လို့  ဒီလအတွင်းက ပြောဆိုခဲ့ပါတယ်။

သောကြာနေ့က သူ့ရဲ့ဝန်ထမ်းများကို Mr. Zukerberg က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကနေတဆင့် ပြောဆိုခဲ့တာကတော့ “ကျွန်တော်ဟာ Facebook ကိုအသုံးပြုပြီး လူတွေအနေနဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကိုဆွေးနွေးပြောဆိုနိုင်စေတဲ့နေရာတစ်ခုအဖြစ်ဆောင်ရွက်ဖို့အတွက် သံဓိဌာန် ချထားပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်နားထောင် ပေးတဲ့အခါမှာ ပိုမိုပြီး အကျိုးဖြစ်ထွန်းစေတဲ့အတွက်ပဲဖြစ်ပါတယ်။“ ဟုပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “ကျွန်တော်ဟာ အမုန်းစကားများနဲ့ အကြမ်းဖက်မှုများ၊ မဲဆန္ဒထုတ်ဖော်မှုများကို တားမြစ်နေတဲ့အရာများကိုတော့ ထိုအရာများဟာ ဘယ်ကလာတာဖြစ်ဖြစ်မထောက်ခံပါဘူး။“ ဟူ၍ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

“Hate speech ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ “လူတစ်ယောက်ကို လူမျိုး၊ တိုင်းရင်းသား၊ နိုင်ငံသား၊ ဘာသာရေး၊ လူနေမှု အဆင့်အတန်း၊ လိင်စိတ်တိမ်းညွှတ်မှု၊ ယောကျာ်းဖြစ်စေ/ မိန်းကလေးဖြစ်စေ (သို့) ရွှေ့ပြောင်းနေ ထိုင်မှုအခြေအနေ (immigration status) အရဖြစ်စေ အခြားသူများရဲ့ ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှု၊ ကျန်းမာရေး (သို့) ရှင်သန်နေထိုင်မှုကို ခြိမ်းခြောက်လျှက်ရှိနေတယ်ဟုအဆိုပြုထား တဲ့ ကြော်ငြာမှုများကို ဖျက်သိမ်းသွားဖို့အထိပြုလုပ်သွားမယ်“ ဟူ၍ဖြစ်ကာ သူက အဆိုပါ ပေါ်လစီ အားချဲ့ထွင်ခြင်းအားဖြင့် နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်းလာသူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည် များနှင့် ခိုလှုံခွင့်တောင်းခံသူများကို ကြော်ငြာများတွင် ထိုသူများဟာ နိမ့်ကျတယ်ဟုဖော်ပြခြင်း၊ သို့ မနှစ်မြို့ခြင်းကိုဖော်ပြခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရွံရှာဖွယ်တစ်ရပ်အနေနဲ့ပြုမူဆက်ဆံခြင်းတို့ကို ပြသနေ သည့် ad များမှ ကာကွယ်ပေးသွားမည်ဟုဆိုပါတယ်။ 

မဲဆန္ဒပေးခြင်းနဲ့ပတ်သက်တဲ့ ပို့စ်များအတွက်ကိုတော့ ၎င်းတို့ဟာ “Voter Information Center“ ဟု ခေါ်ဆိုတဲ့နေရာသို့ သွားရောက်နိုင်ရန်အတွက် link များထည့်သွင်းပေးသွားမှာဖြစ်တယ်ဟုဆိုကာ ထိုအရာက ရွေးကောက်ပွဲအတွက် အသုံးပြုသူများကိုသတင်းအချက်အလက်များပိုမိုပေးစွမ်းနိုင်စေ ဖို့အတွက် သူတို့ဖက်မှ လွန်ခဲ့သောရက်သတ္တပတ်များအတွင်းတီထွင်ဖန်တီးပေးခဲ့သော အရာတစ်ခု ဖြစ်ပါတယ်။ 
 

(Unicode)











 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။