Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဥရောပ Union ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ ဥရောပကော်မရှင်အဖွဲ့မှ Electronic စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ စမတ်ဖုန်းများနဲ့ အခြားသောလျှပ်စစ်ပစ္စည်းထုတ်လုပ်သူများကို သူတို့ရဲ့ device များအတွက် USB-C charging port တစ်မျိုးတည်းကိုသာအသုံးပြု၍ ထုတ်လုပ်ကြရန် အမိန့်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
Smartphone များအပြင် အဆိုပါဥပဒေဟာ အခြားသော Electronic device များဖြစ်တဲ့ Tablet များ၊ Headphone များ၊ Portable speaker များ၊ Videogame console များနှင့် Camera များအပေါ်လည်း အကျိုးသက်ရောက်မှုရှိစေမှာဖြစ်တဲ့အတွက် ထုတ်လုပ်သူများအနေနဲ့ နောက်ထပ်ထုတ်လုပ်မည့် device များတွင် သူတို့ရဲ့ fast-charging နည်းပညာများကို ပုံမှန်စံနှုန်းတစ်ခုသတ်မှတ်၍ ထုတ်လုပ်ကြရတော့မှာပဲဖြစ်ပါတယ်။
အဆိုပါဥပဒေဟာ ကြိုးဖြင့် charging သွင်းစရာလိုတဲ့ device များအတွက်သီးသန့်သာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး ကြိုးမဲ့နည်းပညာဖြင့်အားသွင်းနိုင်တဲ့ device များကတော့ USB-C charging port ကို မဖြစ်မနေထည့်သွင်းဖို့ လိုအပ်မှာမဟုတ်ကြောင်းကိုလည်း ဥရောပကော်မရှင်အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးမှ The Verge သို့ အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။