Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဥရောပ Union အဖွဲ့မှ ကမ္ဘာ့ semiconductor ထုတ်လုပ်ရေးလုပ်ငန်းတွင် ၎င်းတို့ရဲ့အခန်းကဏ္ဍပိုမိုကြီးမားလာစေဖို့အတွက် အချက်အခြာကျစေမယ့် industrial policy တစ်ခုကို မကြာသေးမှီက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဥရောပကော်မရှင်အဖွဲ့မှ ပြဌာန်းခဲ့တဲ့အဆိုပါ policy အရ chip ပြားထုတ်လုပ်ရေးအခန်းကဏ္ဍအတွက် အစိုးရနှင့် ပုဂ္ဂလိကရန်ပုံငွေအနေဖြင့် ယူရိုငွေ ၄၃ ဘီလျံ (ကန်ဒေါ်လာ ၄၉ ဘီလျံ) ခန့်ကို စုစည်းမတည်ထားပြီး EU ရဲ့ ကမ္ဘာ့ chip ပြားထုတ်လုပ်ရေးဈေးကွက်ရှယ်ယာကို ၉ ရာခိုင်နှုန်းမှ ၂၀၃၀ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ မြင့်တင်သွားရန်လျာထားကြောင်း သိရှိရပါတယ်။
လွန်ခဲ့တဲ့နှစ်များစွာကတည်းက EU ဟာ semiconductor chip ပြားများထုတ်လုပ်ရေးတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလိုတဲ့အတွက် အားထုတ်မှုများကို ပြုလုပ်နေခဲ့တာဖြစ်ပြီး လွန်ခဲ့သော ၂၀၁၃ ခုနှစ်ခန့်ကလည်း အလားတူ ရင်းနှီးမတည်ပေးမှုကို ပြုလုပ်ပေးခဲ့ဖူးကာ ယခုအခါ COVID ကပ်ရောဂါကြောင့် ပေါ်ပေါက်လာရတဲ့ ကမ္ဘာ့ chip ပြားရှားပါးမှုပြဿနာက ၎င်းတို့ရဲ့စီမံမှုများကို ပိုမို၍ မြန်ဆန်သွားစေခဲ့ပါတယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ခဲ့ကြပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။