EU Commission Investigates Nvidia’s acquisition of ARM

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.11.2021 | ဥရောပကော်မရှင်အဖွဲ့မှ Nvidia ရဲ့ ARM ကို ဝယ်ယူခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျှက်ရှိ

လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ Nvidia မှ British အခြေစိုက် chip design ကုမ္ပဏီတစ်ခုဖြစ်တဲ့ ARM ကို ကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့်ဝယ်ယူခဲ့မှုကို ယခုအခါ ဥရောပကော်မရှင်အဖွဲ့မှစုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

အာဏာပိုင်များက Nvidia အနေနဲ့ ဒီဝယ်ယူမှုကိုအသုံးချပြီး ယနေ့ခေတ်စမတ်ဖုန်းအများစုတွင် ထည့်သွင်းအသုံးပြုနေရတဲ့ ARM ရဲ့ နည်းပညာများကို အခြားသူများမှရယူသုံးစွဲနိုင်ခွင့်အပေါ် ကန့်သတ်ချက်များပြုလုပ်လိုက်မှာကို စိုးရိမ်လျှက်ရှိနေပြီး Nvidia ကုမ္ပဏီဘက်ကတော့ ၎င်းတို့ဟာ ARM ရဲ့ open-licensing model ကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။

အာဏာပိုင်များရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် graphic နှင့် AI chip များကို အများအပြား ထုတ်လုပ်ပေးလျှက်ရှိနေတဲ့ Nvidia ဟာ ၎င်းတို့စိတ်ပူတဲ့အချက်များကို ဖြေရှင်းနိုင်ရန်အတွက် သဘောတူညီချက်အချို့ကို ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ကော်မရှင်အဖွဲ့ကြီးကတော့ ၎င်းတို့ထံတွင် အဆိုပါ ဝယ်ယူမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ “ရွေးချယ်မှုနည်းပါးသွားခြင်း၊ တီထွင်ဖန်တီးမှုနှုန်းလျော့ကျခြင်းနှင့် သုံးစွဲသူများအတွက် ဈေးနှုန်းပိုမိုကြီးမြင့်လာနိုင်ခြင်း အစရှိတာတွေ ဖြစ်လာနိုင်မလားဆိုတာနဲ့ပတ်သက်ပြီး “ရေရေရာရာမသိရသေးတဲ့အတွက်” အဆုံးအဖြတ်ပေးဖို့ ခက်ခဲနေသေးတယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။