Epic games launch Unreal Engine 5

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.4.2022 | Epic games မှ Unreal Engine 5 ကို ထုတ်လွှင့်ပေးခဲ့ 

Unreal Engine 5 ဂိမ်းအင်ဂျင်ကို ထုတ်လွှင့်ပေးသွားမည်ဟု ကြေငြာမှုပြုလုပ်ခဲ့ပြီး (၂) နှစ်အကြာတွင် Epic Games မှ ၎င်းတို့ရဲ့ next-generation game engine ကို ထုတ်လွှင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ State of Unreal လို့အမည်ပေးထားတဲ့ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပခဲ့သောပွဲတစ်ခုအတွင်းတွင် ကုမ္ပဏီမှ Unreal Engine 5 ကို ယခုအခါ စတင် download ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Update ပြုလုပ်ပေးခဲ့တဲ့ Unreal Engine တွင် - စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်ထားခြင်းနှင့်အတူ UI ကိုလည်း upgrade ပြုလုပ်ပေးခဲ့ပါတယ်။ သို့သော် အသိသာဆုံးသော အပြောင်းအလဲတစ်ခုကတော့ ပြင်ပကမ္ဘာနှင့် ပိုမိုတူလာသော ရုပ်ထွက်များကို ရရှိစေရန် ဒီဇိုင်းပြုလုပ်ထားသည့် နည်းပညာအချို့ကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။

၎င်းတို့ထဲတွင် Lumen ဟာ “fully dynamic global illumination solution” တစ်ခုဖြစ်ပြီး အစစ်အမှန်ကမ္ဘာနှင့် ပိုမိုနီးစပ်သော အလင်းအမှောင်ချိန်ညှိမှုကို ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ နောက်ထပ်နည်းပညာတစ်ခုဖြစ်တဲ့ Nanite ကတော့ Epic ရဲ့ ပြောကြားမှုအရ “ဂိမ်းများနှင့် အတွေ့အကြုံများကို ဖန်တီးရာတွင် မြေပြင်အခြေအနေအသေးစိတ်ကိုထည့်သွင်း၍ ရေးဆွဲဖန်တီးမှုပြုလုပ်နိုင်စေမှာဖြစ်တယ်” လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။