Epic Games Has Provided Game Developers with Anti-Cheat and Voice Communications Services In a New Update

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.7.2021 | Update အသစ်တွင် Epic Games မှ Anti-Cheat နှင့် Voice Communication ဝန်ဆောင်မှုများကို Game Developer များ ရယူသုံးစွဲနိုင်စေရန် ပြုလုပ်ပေးခဲ့ 

Epic Games ဟာ သူတို့ရဲ့ Online ဝန်ဆောင်မှုများကို တိုးချဲ့မှုများပြုလုပ်ခဲ့ပြီး ယခုအခါတွင် Developer များအနေနဲ့ Voice communication နဲ့ anti-cheat software များကို အခမဲ့ ရယူသုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ ယခင်က Epic ဟာ သူတို့ရဲ့ Online ဝန်ဆောင်မှုများကို Fortnite အတွက် စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် ထို့နောက်တွင်တော့ Developer များအနေနဲ့ သူတို့ရဲ့ ဖန်တီးမှုများအတွက် မည်သည့် Game Engine နှင့် Platform ပေါ်တွင်မဆို အသုံးပြုစေနိုင်မည့် Toolset တစ်ခုအနေနဲ့ ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်

ယခုထွက်ရှိလာမည့် update အသစ်တွင်တော့ Easy Anti-Cheat ကို Epic Online ဝန်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ developer များအနေနဲ့ ရယူအသုံးပြုနိုင်စေရန်အတွက် ထည့်သွင်းပေးခဲ့ပါတယ်။ Epic ဟာ Finland နိုင်ငံ၊ Helsinki မြို့တွင် အခြေစိုက်သည့် အဆိုပါ software ကို ဖန်တီးခဲ့သောကုမ္ပဏီအား ၂၀၁၈ ခုနှစ်တွင်ဝယ်ယူခဲ့ပြီး အဆိုပါ Anti-cheat program ကို Fortnite နှင့် Fall Guys တို့အပါအဝင် အခြားသော ရာပေါင်းများစွာသော ဂိမ်းများတွင် အသုံးပြုထားလျှက်ရှိနေပါတယ်။ 

Developer များအနေနဲ့ ယခုအခါ အဆိုပါ software ရဲ့အကူအညီဖြင့် Cheating ပြုလုပ်ခြင်းမှ ကာကွယ်နိုင်စေမည့်နည်းလမ်းများကို ထိန်းချုပ်၍ သတ်မှတ်နိုင်တော့မှာဖြစ်ပြီး Epic ဟာ Easy Anti-Cheat ကို မကြာခဏ update ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတဲ့အတွက် Game Developer များအနေနဲ့ Cheat software များကို detect ပြုလုပ်၍မရနိုင်မှာကို စိုးရိမ်စရာမလိုတော့ပဲ ရိုးသားမှုမရှိတဲ့ player များကို ဖယ်ရှားပစ်နိုင်တော့မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။